We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) သည် ပိုမို ကျန်းမာသော မြန်မာ့လူမှုအသိုင်းအဝန်းအတွက် Trust Oo နှင့် ပူးပေါင်း၍ အွန်လိုင်းမှ တစ်ဆင့်ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုများကို စတင်

30 Sep,2022 - Yangon | 3 mins read

  • ဒေသခံ လူမှုအဖွဲ့အစည်းအတွက် ဆက်သွယ်ရေးအခြေခံအဆောက်အဦများမှတစ်ဆင့် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အသုံးပြုနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှု
  • ဖုန်းဖြင့် ကျန်းမာရေးဆိုင်ရာတိုင်ပင်ဆွေးနွေးခြင်းဝန်ဆောင်မှုများသို့ အခမဲ့ အကန့်အသတ်မရှိ ခေါ်ဆိုခွင့်ရှိသော အက်တမ် (ATOM) ၏ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု
  • ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဆေးခန်းများသို့ လူကိုယ်တိုင် သွားရောက်ပြသရန် မလိုအပ်ဘဲ သက်တောင့်သက်သာ လုံခြုံစွာ အသုံးပြုနိုင်

ရန်ကုန်၊ စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။    ။ အက်တမ် (ATOM) သည် ကဏ္ဍအားလုံးတွင် သုံးစွဲသူများအတွက် အကောင်းမွန်ဆုံးများ ပေးအပ်ရန်ဆိုသောရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်းကျန်းမာရေးစောင့်ရှောက်မှု စင်တာဖြစ် သော Trust Oo Co., Ltd နှင့် ပူးပေါင်း၍ သုံးစွဲသူများအားလုံးအတွက် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အကန့်အသတ်မရှိ ကျန်းမာရေးဆိုင်ရာ ဖုန်းဖြင့် တိုင်ပင်ဆွေးနွေးဝန်ဆောင်မှုများကို အခမဲ့  ပေးအပ်လျက်ရှိပါသည်။ ဤခေတ်မီ ကျန်းမာရေး စောင့်ရှောက်မှုကို စတင်ရန်အတွက် အဖွဲ့အစည်းနှစ်ခုသည် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ကြသည်။ ထို့အပြင်၊ ယခု တစ်နှစ်တာကြာမြင့်မည့် အစီအစဉ်အတွင်း သုံးစွဲသူ ပေါင်း ၇၀,၀၀၀ မှ ၁၀၀,၀၀၀ အထိကို ကူညီရန် အဖွဲ့အစည်းနှစ်ရပ်စလုံးက ရည်မှန်းထားသည်။

 

Telemedicine

 

ဤပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံ၏မြို့ပြနှင့်ကျေးလက်ဒေသများကြား ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှု ကွာဟ ချက်ကို လျော့နည်းစေပြီး ပိုမိုအကျိုးရှိ၍ မြန်ဆန်သောနည်းလမ်းဖြင့် မရှိမဖြစ်လိုအပ်‌သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို နေရာဒေသမရွေးမှ လက်လှမ်းမီနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ဤဝန်ဆောင်မှု သည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းနှင့် သွားလာရခက်ခဲ၍ ဆေးခန်းများသို့ သုံးစွဲသူများ အမှန်တကယ် သွားရောက်ရန်မလိုအပ်ဘဲ ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု အကြံဉာဏ်များကို အဝေးမှ ရယူနိုင်စေမည်ဖြစ် သည်။

 

“အက်တမ် (ATOM) က မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကို မြှင့်တင်ဖို့ ကတိကဝတ်ပြုထားတဲ့အတိုင်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ လိုအပ်နိုင်တဲ့ ဘယ်လိုကဏ္ဍမျိုးမှာမဆို ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်ဖို့ ကြိုးပမ်း နေပါတယ်။ အထူးသဖြင့် အခုလို ကပ်ရောဂါကာလအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုက ပိုအရေးကြီးပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က လူနာတွေအနေနဲ့ Trust Oo Co., Ltd. မှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်ပညာ ရှင်တွေနဲ့  ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အခမဲ့၊ အလွယ်တကူ တိုင်ပင်ဆွေးနွေးနိုင်အောင်  ချိတ်ဆက်ပေးလိုပါတယ်။ ဆေးရုံကို သွားစရာ မလိုဘဲ သုံးစွဲသူတွေနဲ့ လူနာတွေက hotline ဝန်ဆောင်မှုကို အဆင်ပြေပြေနဲ့ လွတ်လွတ်လပ်လပ် ဖုန်းခေါ်ဆိုပြီး လိုအပ်တဲ့ အကူအညီတွေကို အမြန်ဆုံး ရယူနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) သုံးစွဲသူများအားလုံးအတွက် သီတင်းကျွတ်လ ကျန်းမာရေး စောင့်ရှောက်မှု လက်ဆောင်ဖြစ်ပါတယ်” ဟု ATOM ၏ ဒုတိယ အမှုဆောင် အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောကြားခဲ့ပါသည်။

 

အောက်တိုဘာလ (၁၀) ရက်နေ့မှစတင်၍ (သီတင်းကျွတ်လပြည့်နေ့) အောက်ပါဝန်ဆောင်မှုများကို ဖော်ဆောင်မှု အဆင့် အလိုက် ရရှိနိုင်မည်ဖြစ်ပြီး အက်တမ် (ATOM) နှင့် Trust Oo တို့၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့်လည်း မကြာမီ အသိပေး အကြောင်းကြားသွားမည် ဖြစ်သည်။

ဝန်ဆောင်မှုများ ဝန်ဆောင်မှုရယူနိုင်သူများ ချိတ်ဆက်ရန် ဝန်ဆောင်ခ
အထွေထွေဖုန်းဖြင့်ဆွေး‌နွေးတိုင်ပင်မှု အက်တမ် (ATOM) သုံးစွဲသူများ ATOM SIM Card မှ '7887' ကိုခေါ်ဆိုပါ။ အခမဲ့
အထွေထွေဖုန်းဖြင့်ဆွေး‌နွေးတိုင်ပင်မှု အက်တမ် (ATOM) သုံးစွဲသူများ ATOM Store အက်ပ်မှ တိုက်ရိုက်ခေါ်ဆိုပါ။ အခမဲ့
ကျွမ်းကျင်ပညာရှင်များဖြင့်ဆွေး‌နွေးတိုင်ပင်မှု အက်တမ် (ATOM) သုံးစွဲသူများ ATOM SIM Card မှ '7887' ကိုခေါ်ဆိုပါ။ (သို့) ATOM Store အက်ပ်မှ တိုက်ရိုက်ခေါ်ဆိုပါ။ အခမဲ့

 

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများနှင့် လူနာများသည် ၎င်းတို့၏ အက်တမ် (ATOM) ဖုန်းနံပါတ်ဖြင့် ‘7887’ ကို ခေါ်ဆိုရန် လိုအပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများနှင့် တိုက်ရိုက်ချိတ်ဆက်ရယူနိုင်မည်ဖြစ်သည်။ သုံးစွဲသူများသည် အလိုအလျောက် အသံတုန့်ပြန်မှုမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် ချိတ်ဆက်ဆွေးနွေးနိုင်မည်ဖြစ်ပြီး ရောဂါလက္ခဏာအခြေခံ တိုင်ပင်ဆွေးနွေးခြင်း၊ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး၊ အလှအပနှင့် ကျန်းမာရေး လူနေမှုပုံစံ၊ ဝေဖန်ပိုင်းခြားမှုမရှိသော ဆွေးနွေးအကြံပေးနားထောင်မှု၊ နေ့စဉ် ကျန်းမာရေး အကြံပြုချက်များ၊ ဆေးရုံနှင့် ဆေးခန်း လမ်းညွှန်များ အစရှိသည်တို့ကို ဆွေးနွေးတိုင်ပင်နိုင်မည်ဖြစ်ပါသည်။ ဆရာဝန်နှင့် လူနာအကြား အချက်အလက်များကို လျှို့ဝှက်ထားမည်ဖြစ်ပြီး သုံးစွဲသူများ၏ ဆေးမှတ်တမ်းနှင့် ဆေးကုသမှုသမိုင်းကြောင်းများကို Trust Oo မှ အကာအကွယ် ပေးထားမည်ဖြစ်သည်။

 

Telemedicine

 

“ကျန်းမာရေးစောင့်ရှောက်မှု လူမှုရေးလုပ်ငန်းတစ်ခုအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ m-health ဝန်ဆောင်မှုများ ပေးဆောင်ရာမှာ 7887 ကို အမြဲတမ်း အခမဲ့ပြုလုပ်ပေးချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ အိမ်မက်တွေ အမှန်တကယ်ဖြစ်လာပြီး ဒီလိုအခွင့်အရေးမျိုးကိုပေးတဲ့ အက်တမ် (ATOM) ကို ကျွန်တော်တို့ အလွန်ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ 7887 အဖွဲ့က မြို့ပြ‌ဒေသတွေအပြင် သွားရလာရ ခက်ခဲ့တဲ့ ဒေသတွေက ဆေးရုံဆေးခန်း သွားရောက်ဖို့ အကန့်အသတ်ရှိတဲ့ ကျေးလပ်နေပြည်သူတွေထံ အရည်အသွေးပြည့်မီတဲ့ ၂၄/၇ ဖုန်းနဲ့နဲ့တိုင်ပင် ဆွေးနွေးမှု တွေကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အခုအခါ အက်တမ် (ATOM) အသုံးပြုသူတိုင်းက ၎င်းတို့ရဲ့ မိသားစုဆရာဝန်ကို ခေါ်ဆိုသလိုပဲ 7887 hotline နံပါတ်ကို အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာနဲ့ ဘဝကို ဖြတ်သန်းနိုင်မှာပါ” ဟု 7887 Healthcare Call Center ၏ တည်ဆောင်သူ ဒေါက်တာ စွမ်းဆောင်ဦးက သူ၏ သဘောထား မှတ်ချက်ကို မျှဝေခဲ့သည်။ 

 

ဒစ်ဂျစ်တယ်ခေတ် လူနေမှုဘဝတွင် ကဏ္ဍအများစုသည် အွန်လိုင်းပေါ်သို့ရောက်ရှိလာပြီး၊ ယခုအခါ လူတိုင်းအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုအဆင်ပြေ၊ လက်လှမ်းမီနိုင်ပြီး လုံခြုံစွာ ဝန်ဆောင်မှုပေးလာနိုင်သည်မှာ နည်းပညာ တိုးတက်လာမှု၏ ကောင်းကျိုးများပင်ဖြစ်ပါသည်။  အနာဂတ်တွင် အက်တမ် (ATOM) သည် မြန်မာ့လူ့အဖွဲ့အစည်းကို ဆက်လက်အကျိုးရှိစေမည့် ၎င်း၏ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်မည့် လူမှုအသိုင်းအဝိုင်းကို ဦးစား ပေးသော၊  ရည်ရွယ်ချက်ပြည့်ဝသော၊ တာဝန်ယူမှုတာဝန်ခံမှုရှိသော အမှတ်တံဆိပ်တစ်ခု (People-first, Purpose-led, and responsibility brand) အဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုပါသည်။

 

အက်တမ် (ATOM) အကြောင်း
အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First)  ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည်  လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်း အဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည် ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက်သာလွန်သော ဘဝအတွေ့ အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန်ဖြစ်ပါသည်။

 

Trust Oo အကြောင်း
Trust Oo ကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ပြီး အခမဲ့မှ ကုန်ကျစရိတ်သက်သာသော မိုဘိုင်းကျန်းမာရေးဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှုတစ်ခု ဖြစ်သည်။ မိုဘိုင်းလ်ဖုန်းများမှတဆင့် အထူးသဖြင့် ကျေးလက်ဒေသရှိ လူမှုအသိုက်အဝိုင်းများ ထံသို့ ပလက်ဖောင်းများစွာမှတစ်ဆင့် နည်းစနစ်ကျစွာ ကျန်းမာရေးအသိပညာမြှင့်တင်ရန် ရည်ရွယ်သည်။ ဦးဆောင် ကုမ္ပဏီတစ်ခုအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းသို့ ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းကိရိယာ များမှတစ်ဆင့် ရွေ့လျားကျန်းမာရေးအထောက်အပံ့များ ပေးအပ်နိုင်ခြင်းသည် ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်သည်။
 

Back to top