We'd like to send you notifications of the latest posts and updates

Press Release

သုံးစွဲသူများ ATOM CALL CENTER ကို အခမဲ့ခေါ်ဆိုနိုင်ပြီး Digital care အဖွဲ့ကို ပိတ်ရက်မရှိ ၂၄ နာရီပတ်လုံး အချိန်မရွေး ဆက်သွယ်နိုင်ပါပြီ

17 Jun,2022 - Yangon | 0 mins read

အက်တမ်သုံးစွဲသူများကို ပေးအပ်ထားသည့် ကိတိကဝတ်အပြင် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ပေးအပ်မည့် သံန္နိဌာန်နှင့်အညီ ကျွန်ုပ်တို့၏ Call Center သို့ ခေါ်ဆိုနိုင်သည့် အချိန်များကို ထပ်မံတိုးမြှင့်လိုက်ပြီး ခေါ်ဆိုခ ပေးရန်မလိုအပ်ဘဲ အခမဲ့ဖြင့် ခေါ်ဆိုနိုင်ပါသည်။

 

 

အထက်ပါ အခမဲ့ဝန်ဆောင်မှုကို ရရှိနိုင်သည့်နည်းတူ သုံးစွဲသူများ၏ လိုအပ်ချက်များကို အချိန်နှင့် တပြေးညီ ပံ့ပိုးပေးနိုင်ရန်နှင့် အကောင်းဆုံး အတွေ့အကြုံများကို ရရှိခံစားနိုင်အောင် ပံ့ပိုးလုပ်ဆောင်ပေးမည့် ဒစ်ဂျစ်တယ် အဖွဲ့ကို ပိတ်ရက်မရှိ ၂၄ နာရီပတ်လုံး အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

 

အက်တမ် (ATOM) ၏ သက်သာသောနှုန်းထားများဖြင့် ပေးအပ်သွားမည့်  အသံခေါ်ဆိုမှုနှင့် ဒေတာပက်ကေ့ခ်ျ များသည် သတင်းနှင့် အချက်အလက်များကို ဖတ်ရှုလေ့လာခြင်း၊ e-commerce၊ လူမှုကွန်ရက် သို့မဟုတ် သုံးစွဲသူများ၏ ချစ်ခင်ရသူများနှင့် အဆက်အသွယ်မပြတ်ခြင်းတို့ဖြင့် နေ့စဉ်ဆက်သွယ်ချိတ်ဆက်ရေး လိုအပ် ချက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

 

ကျွန်ုတို့၏ သုံးစွဲသူများအနေနှင့် ATOM နှင့်အတူတူ သုံးစွဲမှုအတွေ့အကြုံကောင်းများ ပြည့်စုံလုံလောက်စွာ ရရှိပြီး ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ယူဆောင်လာနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။

 

အက်တမ်မြန်မာ (ATOM MYANMAR)

Back to top