We'd like to send you notifications of the latest posts and updates

Press Release

အက်တမ်က မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းလ်ဂိမ်းပလက်ဖောင်း Let's Play Arena ကို စတင် မိတ်ဆက်

19 Sep,2022 - Yangon | 2 mins read

  • ဂိမ်းပြိုင်ပွဲများနှင့်စိတ်ကြိုက်ဒေတာပက်ကေ့ချ်များဖြင့် ပိုမိုကောင်းမွန်သောဂိမ်းအတွေ့အကြုံကို ရရှိနိုင်ရန် ဖန်တီးထားသည့် ပထမဆုံး ဂိမ်းပေါ်တယ် 
  • အဆိုပါ စိတ်လှုပ်ရှားဖွယ်ရာ ပလက်ဖောင်းတွင် ပေါ့ပေါ့ပါးပါး ဆော့ကစားနိုင်မည့် ဂိမ်းပေါင်း ၁၀၀ ကျော် ပါဝင်ပြီး တယ်လီကွန်းဆုများကို ရရှိနိုင်
  • အသုံးပြုသူများအနေဖြင့် လူကြိုက်အများဆုံးဂိမ်းများတွင်ပါရှိသည့် ဂိမ်းအတွင်း အသုံးပြုနိုင်သော ပစ္စည်းများကို အလွယ်တကူဝယ်ယူနိုင်ခြင်း 

ရန်ကုန် ၊ စက်တင်ဘာ ၊ ၁၉။ အက်တမ် (ATOM) သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ဂိမ်းကစားသူများအားလုံးကို စွဲဆောင်မည့် “Let’s Play Arena” ဟု အမည်ရသည့် မိုဘိုင်းဂိမ်းပေါ်တယ်ကိုမိတ်ဆက်ပေးခဲ့သည်။ Let's Play Arena သည် ဂိမ်းပြိုင်ပွဲများမှတစ်ဆင့် ဂိမ်းကစားသူများအကြား မျှတသောယှဉ်ပြိုင်မှုကို ပေးစွမ်းနိုင်သည့် “Pop Pop Par Par” ပေါ့ပေါ့ပါးပါးဂိမ်းပေါင်း ၁၀၀ ကျော် ပါဝင်သည်။ လူကြိုက်အများဆုံး ဂိမ်းများတွင်ပါရှိသည့် နှစ်သက်ဖွယ်ကောင်းသော ပစ္စည်းများစွာကိုလည်း  ပလက်ဖောင်းပေါ်တွင် အလွယ်တကူ ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင်သက်သာသောနှုန်းထားဖြင့် စိတ်ကြိုက်ဒေတာပက်ကေ့ချ်များကို ဝယ်ယူရရှိနိုင်ပါသည်။

 

LPA

 

တစ်ကိုယ်တော် ဂိမ်းကစားသူများ၊ အဖွဲ့လိုက်ဂိမ်းကစားသူများ  သို့မဟုတ် ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူများနှင့်မြန်မာနိုင်ငံရှိ E-sports ဂိမ်းဝါသနာအိုးများအားလုံးသည် ပြိုင်ပွဲများ၏ ဦးဆောင်သူများစာရင်းသို့ရောက်ရှိနိုင်ရန်အတွက်  Let's Play Arena ၏ ပြိုင်ဆိုင်မှုပြင်းထန်သောစင်မြင့်တွင် ပါဝင်ရန်ကြိုဆိုပါသည်။ လူတိုင်းအတွက်လည်း သာမန်ပေါ့ပေါ့ပါးပါးဂိမ်းများ၊ MOBA နှင့် Battle Royale ဂိမ်းများ ထည့်သွင်းပေးထားသည်။ 


ဂိမ်းစျေးကွက် ထိုးထွင်းသိမြင်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ဒတ်ခ်ျနိုင်ငံအခြေပြု ကုမ္ပဏီတစ်ခုဖြစ်သည့် Newzoo က အထူးသဖြင့် လူတိုင်း၏လူမှုရေးနှင့် လူနေမှုပုံစံကို ပြောင်းလဲစေသော ကပ်ရောဂါကြောင့် မိုဘိုင်းလ်ဂိမ်းကစားခြင်းသည် ကမ္ဘာတစ်ဝန်းတွင် အလျင်မြန်ဆုံး ကြီးထွားလာနေသည့် နယ်ပယ်များထဲမှ တစ်ခုဖြစ်လာပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

 

“အက်တမ် (ATOM) အနေနဲ့ နိုင်ငံတကာဂိမ်းလောကကို စူးစမ်းလေ့လာပြီးနောက် မြန်မာနိုင်ငံမှာရှိတဲ့ ဂိမ်းကစားသူတွေအတွက် ပိုမိုကောင်းမွန်သောဂိမ်းကစားခြင်းအတွေ့အကြုံကို ပေးစွမ်းဖို့ စိတ်လှုပ်ရှား ရင်ခုန်မိပါတယ်။  ကျွန်တော်တို့မှာ ဂိမ်းကစားသူများအတွက် ဂိမ်းကစားတဲ့အတွေ့အကြုံကို အဆင့်မြှင့်တင်ပြီး ပိုမိုကောင်းမွန်အောင်ဖန်တီးထားရာ ဆန်းသစ်သော ဂိမ်းပက်ခ်များလည်းရှိပါတယ်။ မြန်မာနိုင်ငံက ဂိမ်းကစားသူတွေအတွက် ဂိမ်းပစ္စည်းများ၊ ဂိမ်းပက်ကေ့ချ်များ၊ E-sports နှင့် ပေါ့ပေါ့ပါးပါး ဂိမ်းပြိုင်ပွဲများအတွက် ဆွဲဆောင်မှုရှိသော ဆုလက်ဆောင်များလည်း ပေးလိုပါတယ်။" ဟု အက်တမ် (ATOM) ၏ စျေးကွက်မြှင့်တင်ရေး အရာရှိချုပ် Sudhansu Kumar Sinha က ပြောသည်။

 

အက်တမ် (ATOM) ၏ 4.5G ကွန်ရက်သည် သုံးစွဲသူများ အတွက် အထူးသဖြင့် ဂိမ်းကစားသူများအား ၎င်းတို့၏ စိတ်ကြိုက်မိုဘိုင်းလ်ဂိမ်းများကို အနိမ့်ဆုံး လက်တန်စီ (latency) ဖြင့် ကစားနိုင်ပြီး နှေးကွေးခြင်းမရှိဘဲ တည်ငြိမ်သော ပင် (ping) ကို အသုံးပြုနိုင်မည်ဖြစ်သည်။ 

 

Let's Play Arena သည် အပျော်တမ်းအဆင့်ပြိုင်ပွဲများကို နေ့စဉ်၊ အပတ်စဉ်၊ ဖန်တီးပေးခြင်းဖြင့် မြန်မာနိုင်ငံ  E-sports အသိုင်းအဝိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြည့်ဆည်းပေးနိုင်ပါသည်။ ထို့အပြင် လူကြိုက်အများဆုံးဂိမ်းများအတွက် ဂိမ်းတွင်ပါဝင်သည့် ပစ္စည်းများကို လွယ်ကူ၊ မြန်ဆန်စွာလုံခြုံသောနည်းလမ်းဖြစ်သည့် အက်တမ် (ATOM) ဖုန်းဘေလ်ဖြင့် ဝယ်ယူနိုင်ပါသည်။ ဂိမ်းကစားသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ဒေတာပက်ခ်များကို စိတ်ကြိုက်ရရှိမည်ဖြစ်ပြီး အရည်အသွေးမြင့် အတွေ့အကြုံကို ပေးဆောင်မည်ဖြစ်သည်။
 
မြန်မာနိုင်ငံရှိဂိမ်းကစားသူများအနေဖြင့် Let's Play Arena ကို arena.atom.com.mm တွင် အလွယ်တကူဝင်ရောက်နိုင်ပြီး ပိုမိုကောင်းမွန်သောဂိမ်းကစားခြင်းအတွေ့အကြုံကို စတင်ခံစားနိုင်ပြီဖြစ်သည်။ 

 

အက်တမ် (ATOM) အကြောင်း
အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First)  ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည်  လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်း အဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည် ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက်သာလွန်သော ဘဝအတွေ့ အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန်ဖြစ်ပါသည်။

Back to top