We'd like to send you notifications of the latest posts and updates

ငလျင်ကြောင့်ထိခိုက်ခဲ့သည့် ဒေသများမှ ပြည်သူတစ်ဦးစီကို ကျပ်သိန်း ၁၀၀ တိတိဖြင့် တစ်ပတ်လျင်(၂)ဦး ကူညီပံ့ပိုးပေးသွားမည်...  Read more

Press Release

အသစ်မိတ်ဆက်လိုက်သည့် အက်တမ် (ATOM) စတိုး အက်ပ်ကို ရရှိနိုင်ပြီဖြစ်

23 Jun,2022 - Yangon | 2 mins read

  • သုံးစွဲသူများအနေဖြင့် အသစ်ထွက်ရှိထားသည့် အက်တမ် (ATOM) စတိုး အက်ပ်ပလီ‌ကေးရှင်းကို ဒေါင်းလုဒ်ရယူခြင်းဖြင့် ဆုငွေ ၅၀၀၀ ကျပ်အပါအဝင် အခမဲ့လက်ဆောင်‌များကို ရရှိနိုင်မှာဖြစ်။
  • ပိုမိုကောင်းမွန်သည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဖြင့် သုံးစွဲသူများ၏ အတွေ့အကြုံများကို နောက်တစ် ဆင့် မြှင့်တင်ပေးသွားမည်ဖြစ်။​

ရန်ကုန်၊ ဇွန်လ ၂၃ ရက် ၂၀၂၂ ခုနှစ်။          ။ အမှတ်တံဆိပ်သစ်မိတ်ဆက်ပြီး နှစ်ပတ်အကြာတွင် အက်တမ် (ATOM) အနေဖြင့် သုံးစွဲရလွယ်ကူပြီး ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များရှိသည့် အက်တမ်စတိုး အက်ပ်ပ လီကေးရှင်းအသစ်ကို မိတ်ဆက်လိုက်ပါသည်။ သုံးစွဲသူများအနေဖြင့် ဆန်းသစ်သော အသွင်အပြင်နှင့် ခံစားမှု အသစ်ကို ပေးအပ်ထားသည့် အက်ပလီကေးရှင်းအသစ်ကို ဇွန်လ ၂၀ ရက်မှစတင်ကာ ဒေါင်းလုဒ်ရယူနိုင်မည်ဖြစ် ပါသည်။

 

ATOMStore

စတိုးအသုံးပြုရာတွင် ဒေတာအခမဲ့ဖြင့် အက်တမ်စတိုး အက်ပ်ဗားရှင်း 4.0 နှင့်အတူ ပိုမိုကောင်းမွန်သော အတွေ့ အကြုံများကို သုံးစွဲသူများအနေဖြင့် ရယူနိုင်ပြီဖြစ်ပါသည်။ အက်တမ်စတိုး အက်ပ်ပလီကေးရှင်းကို ဒေါင်းလုဒ် ရယူပြီးသည်နှင့်တပြိုင်နက် ဒေတာ ၂၀၀ MB နှင့် On-net Voice နှင့် On-net SMS ကို PAYGO နှုန်းထားများဖြင့် အသုံးပြုနိုင်ရန်  ဖုန်းငွေလက်ဆောင် ၅၀၀၀ ကျပ်တို့ပါဝင်သည့် ဆုလက်ဆောင်များကို  သုံးစွဲသူများအားလုံး ရရှိ မည်ဖြစ်ပါသည်။

 

Android OS ဖုန်းများအတွက် အက်တမ်စတိုး အက်ပ်ပလီကေးရှင်းကို Google Play Store မှတစ်ဆင့် ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းခြင်း ဒါမှမဟုတ် 500 သို့ “APP” ဟု SMS ပေးပို့ခြင်းအပြင် *979*5*5# ကို ခေါ်ဆို ပြီး ဒေါင်းလုဒ်ရရှိနိုင်ပြီဖြစ်ပါသည်။  iOS OS အသုံးပြုသူများအတွက်လည်း မကြာမီရက်သတ္တပတ်များအတွင်း အက်ပ်စတိုးမှတစ်ဆင့် အက်တမ်အက်ပ်အသစ်ကို ရနိုင်တော့မည်ဖြစ်ပါသည်။

 

"ဂိမ်းဆော့တာတွေ၊ ဖျော်ဖြေရေး၊ ပညာရေးနဲ့ အခြားသော ရသစုံလင် အစီအစဥ်များပါ၀င်သော ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုတွေမှာ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများကို  ကျွန်ုပ်တို့ရဲ့ သုံးစွဲသူ‌ တွေကို ရရှိခံစားစေချင်ပါတယ်။  ဒီနေ့မှာတော့ အက်တမ်စတိုး အက်ပ်အသစ်ကို မိတ်ဆက်ပေးတဲ့အနေနဲ့ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုတွေက ရှေ့ဆက်နေပြီပဲ ဖြစ်ပါတယ်။ သုံးစွဲသူများအားလုံးအတွက် အဆင့်မြှင့် ဆက်သွယ်ချိတ်ဆက်ရေးနဲ့အတူ  အရည် အသွေးမြင့်ပြီး ဆန်းသစ်သောဝန်ဆောင်မှုများကို ယူဆောင်လာမယ်လို့ ကျွန်ုပ်တို့အနေနဲ့ ကတိကဝတ်ပြုပါ တယ်။ နောက်ထပ် ဘယ်လိုဝန်ဆောင်မှုတွေလာမလဲဆိုတာ စောင့်မျှော်ပေးပါအုံး" ဟု အက်တမ် (ATOM) ၏ လုပ်ငန်းလည်ပတ်ရေး အမှုဆောင်အရာရှိဖြစ်သူ Ahmad Abdallah က ပြောကြားခဲ့ပါသည်။

 

အသစ်မိတ်ဆက်လိုက်သည့် အက်တမ်စတိုးအက်ပ်သည် ပိုမိုကောင်းမွန်သည့် ဒစ်ဂျစ်တယ်အသုံးပြုမှုဆိုင်ရာ လုပ်ဆောင်မှုများနှင့်အတူ သုံးစွဲရလွယ်ကူစေမည့် အတွေ့အကြုံကို ဆက်လက်ရရှိခံစားရမည်ဖြစ်ပါသည်။​ လာ မည့်အနာဂတ်တွင်   သုံးစွဲသူများအနေဖြင့် ကလစ်တစ်ချက်နှိပ်ရုံဖြင့် ပိုမိုမြန်ဆန်လွယ်ကူသော အက်ပ်အတွေ့ အကြုံနှင့် စိတ်လှုပ်ရှားဖွယ်ဝန်ဆောင်မှုများကို ခံစားနိုင်‌မည်ဖြစ်သည်။ သန်းပေါင်းများစွာ တန်သောဆုလက် ဆောင်များနှင့်အတူ မိတ်ဆက်ပေးမည့် ဂိမ်းအစီအစဥ်များကိုလည်း မိတ်ဆက်သွားမည်ဖြစ်ပါသည်။  အက်တမ် စတိုးအက်ပ်သည် သုံးစွဲသူများအတွက် ဂိမ်းဆော့ခြင်း၊ ဖျော်ဖြေရေးနှင့် ရသစုံလင် အစီအစဥ်များကဲ့သို့သော ပိုမိုကောင်းမွန်သောဘဝများကို တွေ့ကြုံခံစားနိုင်စေရန်အတွက် နေ့စဉ်မရှိမဖြစ်လိုအပ်သော အက်ပ်ဖြစ်လာမည် ဖြစ်သည်။

 

အက်တမ်(ATOM) အကြောင်း

အက်တမ် (ATOM) သည် လူမှုအသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-Firstရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည်  လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်း အဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင်သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက်သာလွန်သော ဘဝအတွေ့အ ကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန်ဖြစ်ပါသည်။

Back to top