We'd like to send you notifications of the latest posts and updates

ငလျင်ကြောင့်ထိခိုက်ခဲ့သည့် ဒေသများမှ ပြည်သူတစ်ဦးစီကို ကျပ်သိန်း ၁၀၀ တိတိဖြင့် တစ်ပတ်လျင်(၂)ဦး ကူညီပံ့ပိုးပေးသွားမည်...  Read more

Press Release

တယ်လီနောမြန်မာကုမ္ပဏီ ပိုင်ဆိုင်မှုအပြောင်းအလဲတွင် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းလည်ပတ်မှုများ ပုံမှန်အတိုင်း ဆက်ရှိနေမည်ဖြစ် (old)

25 Mar,2022 - Yangon | 1 mins read

နောက်ဆုံးအခြေအနေ။    ။တယ်လီနောမြန်မာ၏ ပိုင်ဆိုင်မှု ပြောင်းလဲခြင်း -  ကုမ္ပဏီ၏လုပ်ငန်းများသည်အပြောင်းအလဲမရှိ ဆက်လက်လည်ပတ်နေမည်ဖြစ်


၂၅ ရက် မတ်လ ၂၀၂၂။    ။ ယနေ့မှစတင်၍ တယ်လီနောမြန်မာ၏ပိုင်ဆိုင်မှုအားလုံးကို ပိုင်ရှင်အသစ်သို့အပြီးသတ်လွှဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ပြီး တယ်လီနောလုပ်ငန်းစု၏တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်လက်မရှိတော့ပါ။


စျေးကွက်တွင် ကုန်အမှတ်တံဆိပ်အသစ်အား  မိတ်မဆက်ရသေးခင်အချိန်အထိ တယ်လီနောကုန်အမှတ်တံဆိပ်သည်  တယ်လီနောမြန်မာလီမိတက် လိုင်စင်အောက်တွင် လအနည်းငယ်ကြာဆက်လက်တည်ရှိနေမည်ဖြစ်သည်။

 

(ရန်ကုန် မတ်လ ၁၈ ရက်နေ့ ၂၀၂၂)။ ။ တယ်လီနောမြန်မာကုမ္ပဏီအား ရောင်းချမှုနှင့်ပတ်သက်ပြီး မြန်မာအာဏာပိုင်များက   ခွင့်ပြုချက်ချမှတ်လိုက်ပြီဖြစ်သည်။ အဆိုပါ အရောင်းအဝယ်ကိစ္စများအား မကြာခင်အချိန်တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းလျက်ရှိပါသည်။ 
 
ယခုလို ပိုင်ဆိုင်မှုအပြောင်းအလဲတွင် တယ်လီနောမြန်မာ သုံးစွဲသူများ၊ ဝန်ထမ်းများ နှင့် မိတ်ဘက်များအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိပါ။ ယခုအရောင်းအဝယ်သည် ကုမ္ပဏီ၏ ရှယ်ယာ ၁၀၀% ကို ပိုင်ရှင်အသစ်ထံသို့ လွှဲပြောင်းရောင်းချခြင်းဖြစ်သည်။  
 
လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများ နှင့် စာချုပ်စာတမ်းများကို မူလက သဘောတူထားသည့်အတိုင်း ဆက်လက်၍ လုပ်ဆောင်သွားမည်ဖြစ်သဖြင့် ယေဘူယျအားဖြင့် ပြင်ဆင်မှုများ၊ ထပ်မံဖြည့်စွက်မှုများ ပြုလုပ်ရန်မလိုအပ်ချေ။ 
 
တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတစ်ဝှမ်းတွင်နေထိုင်ကြသောလူအားလုံးအတွက် မရှိမဖြစ်လိုအပ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးဆောင်နိုင်ရန် ဆက်လက်၍ရည်သန်သွားမည်ဖြစ်သည်။ 
 
 
သင့်တွင်မေးခွန်းများရှိပါက အောက်ပါချန်နယ်များမှ ဆက်သွယ်ပါ။ 
• သုံးစွဲသူများ- တယ်လီနောမြန်မာ၏ Customer Care အား care@telenor.com.mm မှတဆင့်ဆက်သွယ်နိုင် 
• ပါတနာများ- တယ်လီနောမြန်မာ Partner App သို့မဟုတ် 555 သို့မဟုတ် 777 ကို Partner SIM မှတဆင့်ခေါ်ဆိုပါ။ 
• ပေးသွင်းသူများ- တယ်လီနောမြန်မာ မှအရင်းအမြစ်ရှာဖွေရေး (Sourcing) ထံ ဆက်သွယ်ပါ။ 
• မီဒီယာ- တယ်လီနောမြန်မာ Communications အဖွဲ့ကို communications@telenor.com.mm မှတဆင့် ဆက်သွယ်ပါ။

Back to top