We'd like to send you notifications of the latest posts and updates
Statement
28 Jul,2022 - Yangon | 0 mins read
နေ့စွဲ ၂၈.၇.၂၀၂၂ : အက်တမ် (ATOM) သည် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများနှင့် အညီ ရည်ရွယ်ချက်ပြည့်ဝပြီး၊ ကျင့်ဝတ်နှင့် လူမှုရေးရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော နည်းလမ်းများဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်ခေတ်မီဆက်သွယ်ရေး လုပ်ငန်းမှ တစ်ဆင့် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို အမြဲပံ့ပိုးပေးခြင်းဖြင့် မြန်မာပြည်သူများအား ကူညီရန်ဆိုသော ခိုင်မာသည့် ကတိကဝတ်ကို ထပ်လောင်း ပြောကြားလိုပါသည်။
အက်တမ် (ATOM) သည် ဥပဒေအား လေးစားလိုက်နာသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် ဒေတာလုံခြုံရေး၊ ကိုယ်ရေးကိုယ်တာလုံခြုံမှု၊ ကွန်ယက်ချိတ်ဆက်မှု၊ roaming လုပ်ဆောင်ခြင်း၊ အင်တာနက် အသုံးပြုနိုင်ခွင့်နှင့် အခြားသော ဆက်စပ် ကိစ္စရပ်များအား လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့သည် လူ့အခွင့်အရေးကို လက်ကိုင်ပြုကာ စားသုံးသူအကာအကွယ်ပေးရေးစည်းမျဉ်းများအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများကိုလေးစားလိုက်နာလျက်ရှိပါသည်။
အက်တမ် (ATOM) သည် ရွှေဗျိုင်းဖြူ (SBP) လုပ်ငန်းစုနှင့် M1 လုပ်ငန်းစုတို့က ပူးတွဲပိုင်ဆိုင်ထားသည့် "Investcom PTE Ltd" ၏ တစ်ဦးတည်းပိုင် လုပ်ငန်းခွဲတစ်ခုဖြစ်ကြောင်း ထပ်လောင်းအသိပေးလိုပါသည်။ အထက်တွင်ဖော်ပြထားသော အကြောင်းအရာများမှလွဲ၍ အခြားတစ်ဦးချင်းစီနှင့်/သို့မဟုတ် တစ်ဦးချင်းစီမဟုတ်သောအဖွဲ့အစည်းများအား ပြောဆိုထည့်သွင်း ရည်ညွှန်းခြင်းများအားလုံးသည်မှန်ကန်မှုမရှိကြောင်း လေးစားစွာဖြင့်အသိပေးလိုပါသည်။
Back to top
Share