We'd like to send you notifications of the latest posts and updates
"WowBox" တွင် ဉာဏ်စမ်းပဟေဠိများကို ဖြေဆိုခြင်းဖြင့် ဗဟုသုတရှာဖွေပြီး လျှို့ဝှက်ဆန်းကြယ်သောသေတ္တာကို ခုပဲဖွင့်ကြည့်လိုက်ရအောင်။
လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ ငွေသားနှင့် အခြားသောဆုပေါင်းများစွာက သင့်ကို စောင့်ကြိုနေပြီနော်။ ဉာဏ်စမ်းပဟေဠိများကို အခုပဲ ဖြေဆိုပြီးဆုတွေရယူလိုက်တော့နော်။
ဝိုးဘောက်စ်ဆိုတာ ဉာဏ်စမ်းကို အခြေခံထားတဲ့ VAS ဆားဗစ်တစ်ခုဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းတွေ ဖြေဆိုခြင်းအားဖြင့် အသုံးပြုသူတွေကို အသိဉာဏ်ပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး ကျွန်ုပ်တို့ ကိုယ်တိုင်လည်း ဗဟုသုတက စွမ်းအားတစ်ခု ဖြစ်တယ်ဆိုတာကို ယုံကြည်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ဉာဏ်စမ်းမေးခွန်းတွေကို ဖြေဆိုရမှာ ဖြစ်ပြီး မိမိဖြေဆိုပြီး ရလာတဲ့ ရလဒ်ပေါ် မူတည်ပြီးတော့ သေတ္တာပုံးတွေကို ရရှိမှာ ဖြစ်ပါတယ်။ အဖြေများများ မှန်လေလေ ပုံးများများ ရရှိလေ ဖြစ်ပါတယ်။
ဝိုးဘောက်စ်ရဲ့ သေတ္တာပုံးတွေဆိုတာက အံ့ဖွယ်ဆုကြီးတွေ ပါဝင်တဲ့ ထူးခြားဆန်းကြယ် သေတ္တာအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အဲ့ဒီ သေတ္တာထဲမှာ ပါဝင်တဲ့ အရာတွေကို မဖွင့်မချင်း သိနိုင်ဖို့ရာ မဖြစ်နိုင်ပါဘူး။
ဟုတ်ပါတယ်။ ဝိုးဘောက်စ်က အသင်းဝင်ကြေးပေါ်မှာ အခြေခံထားတဲ့ ဆားဗစ်တစ်ခု ဖြစ်ပါတယ်။ နေ့စဉ်ကြေးအတွက် ၁၄၉ကျပ်၊ အပတ်စဉ်ကြေးအတွက် ၅၉၉ကျပ်နဲ့ လစဉ်ကြေးအတွက် ၁၉၉၉ကျပ် အသီးသီး ကျသင့်မှာဖြစ်ပါတယ်။
အသုံးပြုသူအနေနဲ့ နေ့စဉ်ကြေးအစီအစဉ်အတွက် ဉာဏ်စမ်းမေးခွန်း (၁)ခု၊ အပတ်စဉ်ကြေးအစီအစဉ်အတွက် ဉာဏ်စမ်းမေးခွန်း (၇)ခုနဲ့ လစဉ်ကြေးအစီအစဉ်အတွက် ဉာဏ်စမ်းမေးခွန်း အခု (၃၀) ရရှိမှာဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့ အပတ်စဉ်ကြေးနဲ့ လစဉ်ကြေးအစီအစဉ်တွေမှာ စာရင်းသွင်းထားရင် ဉာဏ်စမ်းမေးခွန်း တစ်နေ့ကို ဉာဏ်စမ်းမေးခွန်းတစ်ခုစီ ရရှိမှာ ဖြစ်ပါတယ်။
အဖြေမှန်ခဲ့ရင်တော့ အခွင့်အရေး နှစ်ကြိမ် ရရှိမှာဖြစ်ပြီး အကယ်၍ အဖြေမှားခဲ့ရင်တောင်မှ အခွင့်အရေးတစ်ကြိမ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။
အသုံးပြုသူအနေနဲ့ အက်တမ်ဆင်းကတ်ကို အသုံးပြုပြီးတော့ မိုဘိုင်းပစ္စည်းတွေကနေတစ်ဆင့် wowboxs.com ကို ဝင်ရောက်ရမှာဖြစ်ပါတယ်။
အသုံးပြုသူက ပထမဦးစွာ ဆားဗစ်ကို စာရင်းသွင်းဖို့ လိုအပ်ပါတယ်။ အဲ့ဒီနောက် အသုံးပြုသူအနေနဲ့ ကိုယ့်ရဲ့ မိုဘိုင်းဖုန်းဘရောက်ဇာကနေတစ်ဆင့် wowboxs.com ကို လော့ဂ်အင် ဝင်ရောက်ရပါမယ်။ ပြီးရင်တော့ ဉာဏ်စမ်းမေးခွန်းတွေ စတင်ဖြေဆိုနိုင်ပါပြီ။
အဆိုပါ သေတ္တာပုံးတွေကို ဖွင့်ဖို့အတွက် ရက် ၃၀ သက်တမ်း ရှိပါတယ်။
ဟုတ်ကဲ့၊ ဝိုးဘောက်စ်က အားပေးပါတယ်။ ဖိတ်ကြားခံရတဲ့သူက အောင်မြင်စွာ စာရင်းသွင်းပြီးတဲ့နောက် ဖိတ်ကြားတဲ့သူက ဉာဏ်စမ်းမေးခွန်း ငါးခု ဆုချီးမြှင့် ခံရမှာ ဖြစ်ပါတယ်။ ဖိတ်ကြားခံရတဲ့သူကတော့ ဉာဏ်စမ်းမေးခွန်း ဆယ်ခု ဆုချီးမြှင့် ခံရမှာ ဖြစ်ပါတယ်။
ဆုတွေကတော့
၁။ ငွေသား တစ်သိန်းကျပ် ၁၀ခု
၂။ ရွှေလက်စွပ် ၁ခု
၃။ REMAX 10000mAh ပါဝါဘန် ၁ခု
၄။ REMAX ကြိုးမဲ့နားကြပ် ၁ခု
၅။ ဖုန်းဘေလ် ၂၀,၀၀၀ ကျပ် ၅ခု
၆။ ဖုန်းဘေလ် ၁၀,၀၀၀ ကျပ် ၁၀ခု
၇။ ဖုန်းဘေလ် ၅,၀၀၀ကျပ် ၁၅ခု
၈။ ဖုန်းဘေလ် ၁,၀၀၀ကျပ် အခု ၁၅၀
ရရှိတဲ့ဆုတွေက ဒီဂျစ်တယ် ဆုတွေ ဖြစ်နေခဲ့ရင် ရုံးဖွင့်ရက် (၂)ရက်အတွင်း ပို့ဆောင်ပေးသွားမှာဖြစ်ပြီး ဒီဂျစ်တယ်မဟုတ်တဲ့ ဆုတွေအတွက်တော့ ရုံးဖွင့်ရက် (၇)ရက်အတွင်း ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ငွေသား တစ်သိန်းကျပ်အတွက်တော့ ဘဏ် (ရိုးရိုးအကောင့် သို့မဟုတ် စပရှယ်အကောင့်) မှတစ်ဆင့် လွှဲပြောင်း ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
အကယ်၍ အသုံးပြုသူက ဆုမရရှိခဲ့ရင်တော့ ကံကောင်းခြင်းတန်ဖိုး +၁ ရရှိမှာဖြစ်ပါတယ်။ အဆိုပါ ကံကောင်းခြင်းတန်ဖိုးကို ရေတွက်ပေးထားမှာဖြစ်ပြီး ကံကောင်းခြင်းတန်ဖိုး တစ်မှတ်ခြင်းစီက ဆု ဆွတ်ခူးရနိုင်ခြေကို ငါးရာခိုင်နှုန်း တိုးမြှင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။ အကယ်၍ ကံကောင်းခြင်းတန်ဖိုးက ၅၀ အထိ ရောက်ရှိသွားပြီဆိုရင်တော့ အသုံးပြုသူက ဆုကို ဆွတ်ခူးရရှိသွားမှာဖြစ်ပါတယ်။ ပြီးရင်တော့ အဆိုပါ ကံကောင်းခြင်းတန်ဖိုးတွေလည်း ရှင်းလင်းခံလိုက်ရမှာ ဖြစ်ပါတယ်။
အသုံးပြုသူအနေနဲ့ မိုဘိုင်းပစ္စည်းတွေကနေတစ်ဆင့် wowboxs.com ကို ဝင်ရောက်ပြီး စာရင်းသွင်းခြင်းကနေ ပယ်ဖျက်လို့ ရမှာဖြစ်ပါတယ်။
အကယ်၍ အသုံးပြုအနေနဲ့ မေးခွန်းတစ်စုံတစ်ရာ ရှိခဲ့လျှင် သို့မဟုတ် အကူအညီ လိုအပ်ခဲ့ရင် 979 သို့မဟုတ် 09783800355ကို ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။
Back to top
Share