We'd like to send you notifications of the latest posts and updates

ရုပ်ရှင်၊ ဗီဒီယို နှင့် ဂီတ

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ အကောင်းဆုံးသော ပါတနာများ၏ ရုပ်ရှင်၊ ဗီဒီယို၊ ဂီတနဲ့ အခြားအကြောင်းအရာပေါင်းများစွာကို သင့်ရဲ့ စမတ်ဖုန်းကနေအဆင့် စီးမျောခံစားလိုက်ပါ။

Video

tik tok

TikTok

TikTok ဆိုတာ ဗီဒီယိုအတိုအထွာပေါင်းများစွာရှိနေတဲ့ နေရာလေးတစ်ခု (အက်ပလီကေးရှင်း) ပါ။ စမတ်ဖုန်းပေါ်ကနေ တီထွင်ဆန်းသစ်သူတစ်ယောက်ဖြစ်စေနိုင်သလို ကိုယ့်စိတ်ပျော်ရာ ဖန်တီးသစ်လွင်ထားတဲ့ အရာတွေကို ဗီဒီယိုလေးတွေကဆင့် ချပြနိုင်တဲ့ အွန်လိုင်းရပ်ဝန်းလေးတစ်ခုလည်းဖြစ်ပါတယ်။

Get App Now

 

you tube

YouTube

YouTube ဆိုသည်မှာ ဗီဒီယိုဖိုင်အတိုအထွာများအား အခမဲ့ ကြည့်ရှုနိုင်သော အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ ၄င်း အက်ပလီကေးရှင်းထဲတွင် နည်းပညာဆိုင်ရာများ၊ ဒေသန္တရဗဟုသုတများ၊ သီချင်း၊ ရုပ်ရှင်များအား အများဆုံးတွေ့နိုင်ပြီး လူငယ်များအား လူမှုဘဝနဲ့ပတ်သက်တဲ့ ဗဟုသုတများစွာကို ပေးနိုင်သော ဗီဒီယိုအက်ပလီကေးရှင်း တစ်ခုပဲဖြစ်ပါတယ်။

Get App Now

 

pplay

Pyone Play

Pyone Play ဆိုတာ မြန်မာနိုင်ငံမှာ အသုံးပြုသူ (၂) သန်းကျော် ရှိတဲ့ လူကြိုက်အများဆုံး Online TV Platform တစ်ခုပါ။ မဟာဗောဓိ၊ MRTV-4 နဲ့ Channel7 ရုပ်သံလိုင်းတေွကို တိုက်ရိုက်ကြည့်ရှုနိုင်သလို လူကြိုက်များတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲများ၊ နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများနဲ့ စိတ်လှုပ်ရှားစရာ အစီအစဉ်တေွကိုလည်း ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် Mandalay FM နှင့် TEEN Radio တို့ကိုလည်း Pyone Play မှ တိုက်ရိုက်နားဆင်နိုင်ပါသည်။ လစဉ်ကြေးပေးဆောင်ရန်မလိုဘဲ အချိန်၊ နေရာမရေွး အသုံးပြုနိုင်ပါတယ်။

Get App Now

 

viu

Viu

အာရှရဲ့အကောင်းဆုံးရုပ်ရှင်တွေနဲ့ဇာတ်လမ်းတွဲတွေကို ၁၀၀%ပြည့်မြန်မာစာတန်းထိုးနဲ့ ကြည့်ရှုဖို့ဆိုရင် Viu ကသင့်အတွက် အကောင်းဆုံးအဖော်မွန်ပါ။ ဇာတ်ကားအားလုံးကို စိတ်ကြိုက်ရုပ်သံအရည်အသွေးရွေးချယ်ပြီးတိုက်ရိုက်ကြည့်နိုင်သလို ဒေါင်းလုဒ်လည်း လုပ်လို့ရတယ်နော်။

Get App Now

 

mahar

Mahar

"မဟာ" ဆိုတာရွှေမြန်မာတို့ အတွက် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး နဲ့ အကောင်းဆုံး မိုဘိုင်း ဗီဒီယိုရုံကြီးတစ်ခုပါ။ မဟာမိုဘိုင်းအပလီကေးရှင်းမှ နောက်ဆုံးထွက် မြန်မာရုပ်ရှင်ဇာတ်ကားသစ် ဇာတ်ကားကောင်းတွေကို တင်ဆက်ပေးနေပါတယ်။ သင့်ဖုန်းမှာ မဟာ မိုဘိုင်း အပလီကေးရှင်း ရှိရုံနဲ့ သင်ဟာရုပ်ရှင်ရုံကြီးတစ်ခုကို ပိုင်ဆိုင်ထားတာနဲ့ အတူတူပါပဲ။

Get App Now

 

one logo

One Championship

ONE Championship ရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ mixed martial arts (MMA) ၊ Muay Thai ၊ kickboxing ၊ boxing ၊ Brazilian Jiu-Jitsu (BJJ) စတဲ့ ပြိုင်ပွဲပေါင်းများစွာအပြင် ONE Championship ရဲ့ နောက်ဆုံးရသတင်းအချက်အလက်တွေ အကုန်လုံးကို တစ်နေရာတည်းမှာ အချိန်နဲ့တပြေးညီကြည့်ရှုနိုင်တဲ့ အက်ပလီကေးရှင်းပဲဖြစ်ပါတယ်။ မြန်မာပရိသတ်အချစ်တော် Aung La "The Burmese Python" N Sang (အောင်လ) ၊ Phoe "Bushido" Thaw (ဖိုးသော်) စတဲ့ ကစားသမားတွေရဲ့ ပွဲစဉ်တွေကို မိမိရဲ့ ဖုန်းလေးပေါ်ကတဆင့် မလွတ်တမ်းကြည့်ရှုနိုင်မယ့် နေရာလေးတစ်ခုလည်းဖြစ်ပါတယ်။

Get App Now

 

one logo

Tay Than Thar

“Tay Than Thar” ဆိုတာ ဂီတ Application တစ်ခုဖြစ်ပါတယ်။“Tay Than Thar” ကမည်သည့် Media တွင်မှ မဖော်ပြရသေးသော နိုင်ငံကျော်တေးသံရှင်များ၏ သီချင်းအသစ်များ သီချင်းကောင်းများအား မြန်မာဂီတပရိသတ်ထံသို့ Exclusive ပုံစံဖြင့် ဦးဦးဖျားဖျားထူးခြားစွာ တင်ဆက်သည့် ဂီတ App ဖြစ်ပါတယ်။

Get App Now

Back to top