We'd like to send you notifications of the latest posts and updates
Voice over Long-Term Evolution (VoLTE) ဆိုသည်မှာ ပုံမှန် ဖုန်းပြောဆိုဆက်သွယ်မူတွေလို 2G/3G နက်ဝပ်ပေါ်ကနေခေါ်ဆိုတာမျိူးမဟုတ်ပဲ ဖုန်းဆက်သွယ်ပြောဆိုမူတွေကို LTE နက်ဝပ်ပေါ်ကနေ ဆက်သွယ်မူတွေပြုလုပ်တာဖြစ်ပါတယ်။
ဆိုလိုတာကတော့ အသံ ခေါ်ဆိုမှုပြုနေတဲ့အချိန်/လက်ခံတဲ့အချိန်တွေမှာ 3G/2G ကွန်ရက်သို့ ပြန်လည်လျော့ကျ ရောက်ရှိသွားတာမျိုးရှိမှာ မဟုတ်တော့ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။ VoLTE စနစ်ကို သုံးစွဲမှုမရှိတဲ့ သာမန် 4G ဒေတာသုံးစွဲသူတွေအနေနဲ့ကတော့ အသံ ခေါ်ဆိုမှုပြုနေတဲ့အချိန်/လက်ခံတဲ့အချိန်တွေမှာ 3G/2G ကွန်ရက်သို့ ပြန်လည်လျော့ကျရောက်ရှိသွားမှာဖြစ်ပါတယ်။
ခေါ်ဆိုမှုတစ်ခုကို ပိုမိုတိုတောင်းတဲ့အချိန်အတွင်းမှာ ပြီးစီးအောင်ခေါ်ဆိုဆောင်ရွက်ပြုလုပ် စွမ်းဆောင်ပေးနိုင်ပါသည်။ ခေါ်ဆိုမှုအမျိုးအစား ( ဥပမာ၊ VoLTE မှ VoLTE သို့၊ VoLTE မှ VoLTE အမျိုးအစားမဟုတ်သည့် သို့မဟုတ် VoLTE မှ ကြိုးဖုန်းသို့ ခေါ်ဆိုပြုလုပ်သည့်) ပေါ်တွင်မူတည်၍ VoLTE ကွန်ရက်သည် ကြာမြင့်အချိန် ၅-၈ စက္ကန့် အစား ၁-၄ စက္ကန့်ဖြင့် ပိုမိုနည်းပါး တိုတောင်းသည့် အချိန်အတွင်း ဖုန်းခေါ်ဆိုပြုလုပ်ဆောင်ရွက်နိုင်စွမ်းရှိပါသည်။
VoLTE ဝန်ဆောင်မှုကို သုံးစွဲခေါ်ဆိုခြင်းဖြင့် အသံကြည်လင်ပြတ် သားမှု အရည်အသွေးအားဖြင့် အလွန်မြင့်မားတဲ့ HD-quality အသံနဲ့ခေါ်ဆိုမှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ လက်ကိုင်ဖုန်းက VoLTE နဲ့ကိုက်ညီမှုရှိမရှိ၊ သုံးလို့ရနိုင်မရနိုင်ဆိုတာကို ဘယ်လို သိရှိနိုင်မလဲ ?
(VoLTE ဝန်ဆောင်မှုကို ရရှိသုံးစွဲနိုင်ရန် လက်ကိုင်ဖုန်းမှာ firmware အနေနဲ့ အနည်းဆုံး ရှိသင့်ရှိထိုက်တဲ့လိုအပ်ချက် ကို စစ်ဆေးရန်) Check VoLTE compatibilityမိမိတို့လက်ကိုင်ဖုန်းတွေရဲ့ ဆက်တင်ကို VoLTE ဝန်ဆောင်မှု အဖွင့်/အပိတ် (အတွက် ဘယ်လို ချိန်ညှိကြမလဲ။
Learn morePlease check the list below for the VoLTE compatible Handsets Brands and its model.
Please click your Handset Brand:
VoLTE အသံ/ဗီဒီယို ခေါ်ဆိုမှုအတွက် နှုန်းထားသည် အသံပက်ကေ့ဝယ်ယူထားသူများအတွက် 2G/3G ခေါ်ဆိုမှု၏ နူန်းထားနှင့် အတူတူဖြစ်ပါသည်။ VoLTE ဗီဒီယို ခေါ်ဆိုမှုသည် ပက်ကေ့ မဝယ်ထားသူများအတွက်မူ တစ်မိနစ်လျှင် ၃၅ ကျပ် ကျသင့်ပါမည်။
VoLTE ဆိုတာ ပုံမှန် ဖုန်းပြောဆိုဆက်သွယ်မူတွေလို 2G/3G နက်ဝပ်ပေါ်ကနေခေါ်ဆိုတာမျိူးမဟုတ်ပဲ ဖုန်းဆက်သွယ်ပြောဆိုမူတွေကို LTE နက်ဝပ်ပေါ်ကနေ ဆက်သွယ်မူတွေပြုလုပ်တာဖြစ်ပါတယ်။ IMS နည်းပညာကိုအသုံးပြုပီး ဖုန်းခေါ်ဆိုမူ တွေကို LTE နက်ဝပ်ပေါ်ကနေပြုလုပ်တဲ့အတွက်ပုံမှန် လက်ရှိ ဖုန်းခေါ်ဆိုမူတွေနဲ့မတူညီတဲ့အကျိူးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်။
Setting ကိုသွားပါ >> General ကိုသွားပါ >> About ကိုသွားပါ ပြီး Carrier ဆော့ဝဲလ် ကိုစစ်ဆေးပါ >> Carrier bundle ဆေ့ာဝလ် က အက်တမ်မြန်မာ ၄၀.၁ ဖြစ်ရပါမယ်။
Setting ကိုသွားပါ >> Cellular ကိုသွားပါ >> Cellular Data Options ကိုသွားပါ >> 4G, VoLTE Off ကိုရွေးချယ်ပါ။
iPhone တွေမှာ VoLTE video ခေါ်ဆိုမူတွေမပြုလုပ်နိုင်ပါ။
VoLTE ဖွင့်ပြီးဖုန်းခေါ်ဆိုမူပြုလုပ်တဲ့အခါ ၊ 3G နက်ဝပ်ကိုပြန်ပီးရောက်မသွားပါ။
VoLTE အသုံးပြုသူများ၏ အင်တာနက် ပက်ကေ့ချ် ကုန်ဆုံး သွားသော်လည်း VoLTE ဖုန်းခေါ်ဆိုမူဆက်လက်ပြုလုပ်နိုင်ပါသည်။ VoLTE အသုံးပြုမူအတွက် ဘေဖြတ်တောက်မူကို အင်တာနက်ပက်ကေ့ချ်မှဖြတ်တောက်ချင်းမပြုပါ။
VoLTE video ဖုန်းခေါ်ဆိုမူကိုတစ်ခြား မတူညီတဲ့Local အော်ပရေတာနက်ဝပ်ကိုခေါ်ဆိုမူမပြုလုပ်နိုင်ပါ (အင်တာနေရှင်နယ်ဖုန်းခေါ်ဆိုမူအပါအဝင်)။ သို့သော် VoLTE voice ခေါ်ဆိုမူကို တစ်ခြားမတူညီတဲ့ Local အော်ပရေတာနက်ဝပ်ကိုခေါ်ဆိုမူပြုလုပ်နိုင်ပါသည်။(အင်တာနေရှင်နယ် ဖုန်းခေါ်ဆိုမူအပါအဝင်)
နိုင်ငံပြင်ပတွင်ခေါ်ဆိုမှုအတွက် အသေးစိတ်ကို “နိုင်ငံတကာသုံးဝန်ဆောင်မှု” စာမျက်နှာတွင်ကြည့်ရှုနိုင်ပါသည်။
မေးမြန်းလိုသည့်မေးခွန်းအထက်၌မပါရှိလျှင် ကျေးဇူးပြု၍ “အက်တမ် မက်ဆင်ဂျာ သို့ အက်တမ်ကောစင်တာသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Back to top
Share