We'd like to send you notifications of the latest posts and updates
ဒီဂျစ်တယ်ခေတ်မှာ စမတ်ကျတဲ့နေ့စဥ်ဆက်သွယ်ရေးကို စတင်ဖို့ နောက်ဆုံးပေါ် ခေတ်မီနည်းပညာတွေကို အသုံးပြုထားတဲ့ မြန်မာ့အကောင်းဆုံး 4.5G နဲ့ VoLTE ကွန်ရက် အက်တမ်ရဲ့ eSIM ရောက်ရှိလာပါပြီ။
eSIM သည် Physical SIM Card အသုံးပြုစရာမလိုဘဲ အက်တမ်ဆက်သွယ်ရေးကွန်ရက်၏ ဝန်ဆောင်မှုများကိုရယူနိုင်သည့် ဒစ်ဂျစ်တယ် SIM Card ပဲဖြစ်ပါတယ်။
ပိုမိုကောင်းမွန်သည့် အက်တမ်ကွန်ရက်၏ ဒီဂျစ်တယ်အတွေ့အကြုံသစ်နှင့် လွယ်ကူစမတ်ကျသည့် နေ့စဥ်ဆက်သွယ်ရေးနည်းပညာများကို တွေ့ကြုံခံစားနိုင်ရန် ATOM eSIM ကိုအသုံးပြုသင့်ပါသည်။
Disclaimer : အက်တမ်မြန်မာသည် အဆိုပါ ဟန်းဆက်များဖြစ်သော iPhone, iPad, Xiaomi, Vivo နှင့် Oppo တို့နှင့် ပတ်သက်ပြီး eSIM နည်းပညာဆိုင်ရာ ပြဿနာကို ပြုပြင်ပိုင်ခွင့်မရှိပါ။ ကျေးဇူးပြု၍ စက်ပစ္စည်းဝန်ဆောင်မှုစင်တာသို့ တိုက်ရိုက်ဆက်သွယ်ပါ။
ဆိုင်များ | မြို့ | မြို့နယ် | ဆိုင်လိပ်စာ |
---|---|---|---|
ATOM Shop သင်္ဃန်းကျွန်း | ရန်ကုန် | သင်္ဃန်းကျွန်း | အမှတ် ၇၂၉၊ လေးထောင့်ကန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ |
ATOM Shop Sule Square | ရန်ကုန် | ကျောက်တံတား | အမှတ် (၂၂၃)၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ |
ATOM Shop လှိုင်သာယာ | ရန်ကုန် | လှိုင်သာယာ | အမှတ် (၁၂၃၂ B)၊ ကျန်စစ်သားလမ်း၊ (၁၆)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ |
ATOM Shop ၂၉လမ်း | ရန်ကုန် | ပန်းဘဲတန်း | အမှတ် (၂၅၄)၊ မြေညီထပ်၊ အနော်ရထာလမ်းနှင့် ၂၉လမ်းထောင့်၊ (၈)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ |
ATOM Shop မြန်မာပလာဇာl | ရန်ကုန် | ဗဟန်း | အမှတ် (၁၉၂)၊ အခန်း (၂)၊ မြန်မာပလာဇာ ဒုတိယထပ်၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ |
ATOM Shop ဒဂုံဆိပ်ကမ်း | ရန်ကုန် | ဒဂုံဆိပ်ကမ်း | အမှတ် (၄၄/၁) ကျွန်းရွှေဝါလမ်းနှင့် ပိတောက်လမ်းထောင့်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ ရန်ကုန်မြို့ |
ATOM Shop လှည်းတန်း စိန်ဂေဟာ | ရန်ကုန် | ကမာရွတ် | အမှတ် (၃၉/၄၀)၊ စိန်ဂေဟာစူပါစင်တာ၊ လှည်းတန်းလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ |
ATOM Shop ချမ်းအေးသာဇံ | မန္တလေး | ချမ်းအေးသာဇံ | အမှတ် (၇၁)၊ ၇၃ လမ်းနှင့် ၃၀ လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ |
ATOM Shop မင်္ဂလာမန္တလေး | မန္တလေး | ချမ်းမြသာစည် | Block 4၊ Unit 6 မင်္ဂလာမန္တလေးလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ |
ATOM Shop ပျဉ်းမနား | နေပြည်တော် | ပျဉ်းမနား | အမှတ် (၁၃) ပျဉ်းမနားတောင်ညိုလမ်း၊ ကံဦးရပ်ကွက် ပျဉ်းမနား၊ နေပြည်တော်။ |
ATOM Shop မုံရွာ | မုံရွာ | မုံရွာ | အမှတ်(၂၀၇)၊ ကျောက်ကာလမ်း၊ ရန်ကင်းဘုန်းတော်ကြီးကျောင်းရှေ့၊ ဘုန်းဆိုးရပ်ကွက်၊ မုံရွာမြို့။ |
ATOM Shop တောင်ကြီး | တောင်ကြီး | တောင်ကြီး | အမှတ် (၁၀၈) ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ တောင်ကြီးမြို့ |
ATOM Shop ပုသိမ် | ပုသိမ် | ပုသိမ် | အမှတ် (၂၉၊ B/C) ကုန်သည်လမ်း၊ (၄) ရပ်ကွက်၊ ပုသိမ်မြို့။ |
ATOM Shop မော်လမြိုင် | မော်လမြိုင် | မော်လမြိုင် | အမှတ် ၃၄၈၊ ဓညင်းကုန်းရပ်ကွက်၊ အောက်လမ်းမကြီး၊ မော်လမြိုင်မြို့။ |
ATOM Shop ပဲခူး | ပဲခူး | ပဲခူး | အမှတ်(၉+၁၀)၊ အခန်းအမှတ်(၄)၊ ပန်းလှိုင်လမ်း၊ ပဲခူးမြို့။ |
eSIM သည် Phyisical SIM Card ကို အသုံးမပြုဘဲ ဝန်ဆောင်မှုပေးသူထံမှ ဆယ်လူလာအစီအစဉ်ကို စတင်ခွင့်ပြုသည့် ဒစ်ဂျစ်တယ် SIM ဖြစ်သည်။
*#06# ကိုခေါ်ဆိုပါ။ EID ဘားကုတ်ကို ဖုန်းscreenပေါ်တွင်မြင်တွေ့ရပါမည် ဆိုလျှင် ဤမိုဘိုင်းဖုန်းသည် eSIM အသုံးပြုနိုင်ကြောင်း အတည်ပြုနိုင်ပါသည်။
ATOM Shop သို့သွားပါ၊ လူကြီးမင်း၏ ဆင်းကတ်ကိုတည်ပြုရန် လူကြီးမင်း၏ နိုင်ငံသားမှတ်ပုံတင် (သို့) ပတ်စပို့ ကိုပြပါ။ နှစ်သက်ရာနံပါတ်အသစ်တစ်ခုကို ရွေးချယ်ပါ။ လူကြီးမင်း၏ မိုဘိုင်းဖုန်းသည် အင်တာနက်ချိတ်ဆက်ထားပါစေ။ ထို့နောက် eSIM ပရိုဖိုင်ကို လူကြီးမင်း ၏ eSIM ဖုန်းတွင် ထည့်သွင်းရန် eSIM QR ဖတ်ပြီး ဆက်လက်လုပ်ဆောင်ပါ။
ATOM Shop သို့သွားပါ၊ လူကြီးမင်း၏ ဆင်းကတ်ကိုတည်ပြုရန် လူကြီးမင်း၏ နိုင်ငံသားမှတ်ပုံတင် (သို့) ပတ်စပို့ ကိုပြပါ။
လူကြီးမင်း၏ မိုဘိုင်းဖုန်းသည် အင်တာနက်ချိတ်ဆက်ထားပါစေ။ ထို့နောက် eSIM ပရိုဖိုင်ကို လူကြီးမင်း ၏ eSIM ဖုန်းတွင် ထည့်သွင်းရန် eSIM QR ဖတ်ပြီး ဆက်လက်လုပ်ဆောင်ပါ။
eSIM လဲလှယ်မှုအတွက်၊ ဝန်ဆောင်ခ ၅,၀၀၀ ကျပ် ကျသင့်ပါမည်ဖြစ်သည်။
ATOM eSIM အသုံးပြုသူသည် Handsetတစ်လုံးတွင် eSIM တစ်ခုကို ထည့်သွင်းထားပြီး အသုံးပြုနိုင်ပါသည်။ ထို Handsetတစ်လုံးတွင်ပင် ထည့်သွင်းထားသော အလားတူ QR ကို အကြောင်းတစ်စုံတစ်ရာကြောင့် (၁၀) ကြိမ်အထိ ဖျက်ပြီး ပြန်လည်ထည့်သွင်းနိုင်သည်။ ပထမ မူလ eSIM Handset မှ ဖျက်ပြီးမှသာ အလားတူ QR ကို ဒုတိယမြောက် eSIM Hanset တွင် လည်းထပ်မံ အသုံးပြုနိုင်ပါသည်။ သို့သော်လည်း အလားတူ QR ကို တတိယ Hanset တွင် အသုံးမပြုနိုင်ပါ။ တတိယ Hansetတွင် eSIM အသုံးပြုလိုပါက ATOM Shop တွင် eSIM QR အသစ် တစ်ခုထပ်မံ လဲလည်ယူပါ။
လူကြီးမင်း၏ Handset တွင် Physical ဆင်းကတ် (၂) ခုထည့်စရာရှိပါက၊ Physical SIM သည် SIM 1 နေရာ တွင်ရှိပြီး eSIM သည် SIM 2 နေရာ တွင်ဖြစ်ရပါမည်။
eSIMသည် ဖုန်းဘက်ထရီ ပိုကုန်စေခြင်းမရှိပါ။ ဒေတာကို အသုံးပြုသောအခါတွင် eSIM သည် Physical SIM ကတ် တစ်ခုကဲ့သို့ သာ ဘက်ထရီကိုအသုံးပြုပါသည်။
Back to top
Share