We'd like to send you notifications of the latest posts and updates
အက်တမ်ကွန်ရက်မှ ကြိုဆိုပါတယ်။ အက်တမ်ရဲ့ Prepaid SIM ကတ်ဖြင့် ကြိုက်နှစ်သက်ရာ ပြည်တွင်းပြည်ပ ဖုန်းနံပါတ်များကို အချိုသာဆုံးဈေးနှုန်းဖြင့် ခေါ်ဆိုနိုင်ပါတယ်။ အက်တမ်ရဲ့ prepaid SIM ကတ်များဖြင့် sms ပေးပို့နိုင်သလို အင်တာနက်လဲ အသုံးပြုနိုင်ပါတယ်။ အပိုထပ်ဆောင်းဝန်ဆောင်မှုများ (Value Added Services) ကိုလည်း အသုံးပြုနိုင်ပါတယ်။ အက်တမ်အရောင်းဆိုင်များတွင် Micro နှင့် Nano sim ကတ်များကိုလည်း ရယူနိုင်ပါတယ်။
ATOM သည် ကျွန်ုပ်တို့၏ တန်ဖိုးရှိသော သုံးစွဲသူများအား ပိုမိုကောင်းမွန်သော အတွေ့အကြုံများနှင့် ဝန်ဆောင်မှုများကို ပေးဆောင်ရန် အမြဲတမ်း ရည်စူးပါသည်။ ကြိုတင်ငွေပေးချေမှု အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
အင်တာနက်
၁ MB လျှင် ၁၂ ကျပ်
ဖုန်းခေါ်ဆိုခြင်း
၁ မိနစ်လျှင် ၃၀ ကျပ် (မည်သည့်ပြည်တွင်းဖုန်းမဆို)
စာတိုပေးပို့ခြင်း
၁စောင်လျှင် ၂၀ ကျပ် (ပြည်တွင်း မည်သည့်ဖုန်းမဆို)
ATOM Myanmar ဝက်ဘ်ဆိုက်တွင် မိမိတို့အကြိုက်ဆုံးနံပါတ်များကိုရွေးချယ်ခြင်းဖြင့် ATOM SIM ကဒ်အသစ်များကို ၀ယ်ယူနိုင်သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့မှ စတင်၍ ဆင်းကတ်တန်ဖိုး ၁,၅၀၀ကျပ် နှင့်အတူ ဆင်းကတ် အသက်သွင်းခြင်းပြုလုပ်ရန် (SIM Activation) ကုန်သွယ်လုပ်ငန်းခွန် ၂၀,၀၀၀ကျပ်ပေးဆောင်ရမည်ဖြစ်သည်။ အက်တမ်မှ အခမဲ့ဝန်ဆောင်မှုပေးဆောင်မှာဖြစ်ပြီး ဆင်းကတ်လာပို့သည့်အခါမှသာ ငွေသားပေးချေမှုကို ဆောင်ရွက်ရမှာဖြစ်သည်။
မကြာမီ လာပါမည်..
ဆင်းကတ်တန်ဖိုးမှာ ၁,၅၀၀ကျပ်သာဖြစ်ပြီး ဆင်းကတ် အသက်သွင်းခြင်း (SIM Activation) ပြုလုပ်ရန် ကုန်သွယ်လုပ်ငန်းခွန် ၂၀,၀၀၀ကျပ်ကိုပေးဆောင်ရပါမယ်။
ATOM မှ ဝန်ဆောင်မှုပေးထားသော ဆိုင်တိုင်းတွင် ဝယ်ယူနိုင်ပါသည်။ ဒါ့အပြင် ATOM အရောင်းဆိုင်များတွင်လဲ ဝယ်ယူနိုင်ပါသည်။ ATOM မှ ပေးထားသော Form ပုံစံဖြည့်ပြီးမှသာ SIM Card များကို ဝယ်ယူနိုင်ပါသည်။ Form ပုံစံအသေးစိတ် အချက်အလက်များကို ATOM ဆိုင်များတွင် စုံစမ်းနိုင်ပါသည်။
ယခုလက်ရှိ အချိန်မှာတော့ အရောင်းဆိုင်များမှသာ ဝယ်ယူနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် Online မှတစ်ဆင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်သည်။
မှတ်ပုံတင် သို့ Passport(နိုင်ငံခြားသားဖြစ်လျှင်) ဖြင့် ဝယ်ယူနိုင်ပါသည်။
ATOM Call Center ဖုန်းနံပါတ် 09790097900 ကိုခေါ်ဆို၍ သော်လည်းကောင်း နီးစပ်ရာ ဖုန်းအရောင်းဆိုင်များတွင် မေးမြန်း၍သော်လည်းကောင်း care@atom.com.mm သို့ Email ပို့၍သော်လည်းကောင်းမေးမြန်းစုံစမ်းနိုင်ပါသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်နောက်ပိုင်း မှတ်ပုံတင်တဲ့ ဆင်းကတ်အသစ်တွေကို အသက်သွင်းနိုင်ဖို့အတွက် ကုန်သွယ်လုပ်ငန်းခွန် ၂၀,၀၀၀ ကျပ်တိတိ ကျသင့်ပါတယ်။ ဆင်းကတ်ကို စတင်အသုံးပြုတာနဲ့တစ်ပြိုင်နက် အော်ပရေတာကို အခွန်တစ်ကြိမ်တည်းအပြတ်ပေးဆောင်ရမှာပါ။ လက်ရှိသုံးစွဲနေတဲ့ ကတ်တွေကတော့ ယခုပြင်ဆင်ချက်မှာ အကျုံးမဝင်ပါဘူး။
Back to top
Share