We'd like to send you notifications of the latest posts and updates

ရွှေလယ်တော

ရွှေလယ်တောဆိုတာ အက်တမ် prepaid အသုံးပြုသူများအတွက် ATOM Store App အက်ပလီကေးရှင်းမှာပဲ ဆော့ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဂိမ်းထဲမှာ ဥကောက်ဆော့ကစားခြင်းဖြင့် လက်ငင်းဆုလက်ဆောင်များကို ဆွတ်ခူးနိုင်မှာပါ။

များများကစားပြီး လက်ငင်းဆုများ ကံထူးမယ့်အခွင့်အရေးကို များများရယူလိုက်ပါ။

ယခုပဲကစားလိုက်ပါ  https://bit.ly/3yqfTtU

စည်းမျဉ်းစည်းကမ်းများ

၁။ ATOMမြန်မာ (“ATOM”) ၏ ရွှေလယ်တောဂိမ်းအစီအစဉ် (“ဂိမ်း အစီအစဉ်”) ကာလမှာ မတ်လ ၁ရက် ၂၀၂၂ခုနှစ်တွင်(“ဂိမ်း အစီအစဉ် ကာလ”) စတင် ခဲ့ပါသည်။ ATOM ဝန်ဆောင်မှု သုံးစွဲသူများသည် ဝယ်ယူထားသော ကစားခွင့် "Life" (Paid Life) များအားလုံးကို ဂိမ်း အစီအစဥ် မပြီးဆုံးမီအထိ သုံးစွဲရမည် ဖြစ်သည်။ သုံးစွဲရမည် ဖြစ်သည်။ ဂိမ်းအစီအစဉ်ကာလ ကျော်လွန်သည်အထိ မသုံးစွဲရသေးသော ကစားခွင့် "Life" များနှင့် လက်ရှိရက်စွဲ၏ လွန်ခဲ့သော ရက် ၃၀ ထက်ကျော်လွန်နေသော ဂိမ်းကစားခွင့်လက်မှတ်များသည် ဤကံစမ်းမဲ အစီအစဉ်နှင့် အကျုံးမဝင်ပေ။  ဂိမ်းအစီအစဉ် ကာလအား ATOMမှ မိမိတဦးတည်း၏ ဆုံးဖြတ် ချက်ဖြင့် အချိန်မရွေး ပြင်ဆင် ပြောင်းလဲနိုင်သည်။

 

၂။ ဤ ဂိမ်း အစီစဉ်တွင် ပါဝင်ခြင်းသည် ဂိမ်း အစီစဉ်၏ စည်းကမ်းချက်များ များ ("T &Cs)
ကို လက်ခံပြီး  ပါဝင်ခြင်းပင်ဖြစ်သည်။ ဤ ဂိမ်း အစီစဉ်တွင် ပါဝင်ကစားခြင်းဖြင့် လူကြီးမင်းမှ ATOM ရွှေလယ်တော ဂိမ်း အစီအစဉ်၏ စည်းမျဉ်း စည်းကမ်း များ (“စည်းမျဉ်း စည်းကမ်းများ”)၊ ပြင်ဆင်ချက်များ၊ ဆုံးဖြတ်ချက်များအား လိုက်နာရန် သဘော တူညီသည်ဟု မှတ်ယူမည် ဖြစ်သည်။ စည်းမျဉ်း စည်းကမ်းများအား ပြင်ဆင်မှု တစုံတရာ ရှိပါက ATOM application မှတဆင့် ကြော်ငြာ မည် ဖြစ်ပြီး ကြော်ငြာသည်နှင့် တပြိုက်နက် အကျိုးသက်ရောက်မည်ဖြစ်သည်။ ATOMမှ ဆုလက်ဆောင် များ အစားထိုးခြင်း အပါအဝင် စည်းမျဉ်း စည်းကမ်းများအား ပြောင်းလဲခွင့် ရှိသည် ဖြစ်ပြီး ပြောင်းလဲချက်အား ကြော်ငြာသည်နှင့် တပြိုက်နက် အကျိုး သက်ရောက်မည် ဖြစ်သည်။ ဂိမ်း အစီ အစဉ်တွင် ပါဝင်သူများ အနေဖြင့် ဤ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ လုပ်ဆောင်ရန် သဘောတူညီသည် မှတ်ယူခြင်း ခံရမည်ဖြစ်သည်။

 

၃။ ဤ စည်းမျဉ်း စည်းကမ်း ချက်များတွင် အခြားနည်းဖြင့် ဆုံးဖြတ်ဖော်ပြထားခြင်းမရှိပါက ဤ ဂိမ်း အစီအစဉ်သည် ATOM ဖုန်းများ၏ ကြိုတင်ငွေဖြည့်သွင်းသည့် ဝန်ဆောင်မှု (prepaid) သုံးစွဲသူအားလုံး အတွက်ဖြစ်သည်။ (“ATOM ၏ ဝန်ဆောင်မှုသုံးစွဲသူ”) ဤ gameကံစမ်းမဲ အစီအစဉ်သို့ ပါဝင် ကစားချင်သူ ATOM၏ ဝန်ဆောင်မှုသုံးစွဲသူများသည် “ATOM” application အား ၎င်းတို့၏ မိုဘိုင်းဖုန်းတွင် သုံးစွဲရန် လိုအပ်သည်။
 
၄။ အောက်ပါ ဖော်ပြပါ ကုမ္ပဏီများ နှင့် လူပုဂ္ဂိုလ်များမှာ ဤ အစီအစဉ်၏ဂိမ်းကစားမှုတွင် ပါဝင်ခွင့်ရှိသော်လည်း ဆုလက်ဆောင် များကို ရရှိခွင့်အား တားမြစ်ထားသည် (“အစီအစဉ်တွင် ပါဝင်ခြင်းအား တားမြစ်ထားသူများ”)

(က) ATOM ၏ အချိန်ပြည့်၊ အချိန်ပိုင်း၊ ယာယီ၊ အမြဲတမ်း ဝန်ထမ်းများ
(ခ) ATOMအား ဝန်ဆောင်မှု ပေးနေသူများ (Service Provider) ၊ ATOMနှင့် လက်တွဲလုပ်ဆောင်နေသော မိတ်ဖက် ကုမ္ပဏီများ (Business Partner) နှင့် ၎င်းတို့၏ ဝန်ထမ်းများအား
(ဂ) ATOM၏ မည်သည့် Productနှင့် ဝန်ဆောင်မှုများအား ဖြန့်ချိခြင်းနှင့် ရောင်းချခြင်း (sale or distribution) တို့တွင် ပါဝင်သူများနှင့် ၎င်းတို့၏ ဝန်ထမ်းများအား ဤ ကံစမ်းမဲ အစီအစဉ်တွင် ဝင်ရောက်ကံစမ်းခြင်းအား တားမြစ်ထားသည်။

 

၅။ ဂိမ်း အစီအစဉ်တွင် ပါဝင်သည့် မည်သူနှင့် စပ်လျင်း၍ မဆို တရားဝင် အတည်ဖြစ်မှုအား ATOMမှ မိမိတစ်ဦးတည်းသဘောဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

 

၆။ ATOM Appတွင်ဖော်ြပထားသည့် ဤဂိမ်း အစီအစဉ်တွင် ATOM ဝန်ဆောင်မှုသုံးစွဲသူအားလုံး (“အစီ အစဉ်တွင် ပါဝင်ခွင့်ရှိသူ”) ပါဝင်နိုင်မည်ပြီး ATOM စတားအဆင့်အလိုက် အပတ်စဉ်အခမဲ့ "Life" တွေ ရရှိ နိုင်မည်ဖြစ်သည်။

စတားအဆင့် အပတ်စဉ်အခမဲ့ရရှိနိုင်သော Life များ
တိုက်တေနီယမ်အဆင့် ၁၀ Lives
ပလက်တီနမ်အဆင့် ၁၀ Lives
ရွှေအဆင့် ၅ Lives
ငွေအဆင့် ၅ Lives

 

၇။ ဖော်ပြပါ ဇယားတွင်ပါရှိသည့် အပတ်စဉ်အခမဲ့ ကစားခွင့်"Life" ကုန်ဆုံးသွားပါက ဂိမ်းအစီစဥ်တွင် ပါဝင်ခွင့်ရှိသူ(ATOM ဝန်ဆောင်မှု သုံးစွဲသူများ) သည် ၄င်း၏ ဖုန်းငွေလက်ကျန်မှ ဂိမ်း တစ်ကြိမ် ကစားခွင့်ကို (၄၉ ကျပ်) နှုန်းဖြင့် ဝယ်ယူ၍ ဆက်လက် ကစား နိုင်မည် ဖြစ်ပါ သည်။ ဝယ်ယူထားသော ကစားခွင့် "Life" (“Paid life”) များကို ဝယ်ယူ ထားသည့် အချိန်မှစတင်ပြီး ဂိမ်း အစီအစဥ် မပြီးဆုံးမီအထိ အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုသို့ ဂိမ်းအစီအစဥ်ကာလ အတွင်း အခပေး ဝယ်ယူထား သော ကစားခွင့် "Life" (Paid life)များ အသုံးပြုခြင်းမရှိသောသူများအား ၎င်းတို့ ဝယ်ယူထားသည့် အခပေး ဝယ်ယူထား သော ကစားခွင့် "Life" (Paid life) တန်ဖိုးအတွက် အစား ပြန်လည်ပေးအပ်ခြင်း၊ လျှော်ကြေး ပြန်လည် ပေးခြင်းတို့ ရှိမည်မဟုတ်ပေ။

 

၈။ သက်တမ်းကုန်ဆုံးသွားသည့် ကစားခွင့် "Life (“life”) များအတွက် လျော်ကြေး ပြန်လည် ပေးအပ်မည် မဟုတ် ပေ။ရရှိထားသော အပတ်စဉ်အခမဲ့ ကစားခွင့် "Life" နှင့် ဝယ်ယူထားသော ကစားခွင့် "Life" တွင်မည်သည့် ကစားခွင့် ကိုမဆို Life တစ်ခုအတွက်တစ်ကြိမ် ကစားနိုင်မည် ဖြစ်သည်။ သတ်မှတ်ထားသောအမှတ်ရရှိပါက အောက်ဖော်ပြပါ လက်ငင်းဆုလက်ဆောင်များ (နေ့စဉ်ပေးအပ်သည့် ဆုလက်ဆောင် အသေးများ) ရရှိနိုင်မည် ဖြစ်သည်။
•    CashBack (ATOMဖုန်းဘေလ်) အများဆုံး ၁၀၀၀ကျပ်အထိ
•    ATOMအချင်းချင်းဖုန်းခေါ်ဆိုမှု (Onnet Voice Call)
•    ATOMအချင်းချင်း စာတိုပို့ဆောင်ခြင်း (Onnet SMS)

 

၉။ ATOMမှ ကံထူးရှင်ရရှိမည့် လက်ငင်းဆုလက်ဆောင် အမျိုးအစားနှင့် ၎င်းဆုလက်ဆောင်အား အသုံးပြုရန် အချိန် ကာလတို့အား ကံထူးရှင်၏ ဖုန်းနံပါတ်သို့ SMS messageပေးပို့သွားမည် ဖြစ်သည်။ နေ့တနေ့ချင်းစီအလိုက်ပေးအပ်မည့် လက်ငင်းဆုလက်ဆောင် (Instant Prizes ဆု)၏ အရေအတွက်ပမာဏကို ATOMမှ ဆုံးဖြတ်သတ်မှတ်မည်ဖြစ်သည်။ ယင်းနေ့ တစ်နေ့တာ တွင် ပေးရန် သတ်မှတ်ထားသော ဆုအားလုံးကို ဆွတ်ခူး ရရှိသူများသို့ ပေးအပ်ချီးမြှင့်ပြီးမှ နောက်တွင် အဆိုပါ နေ့၏ဂိမ်းအစီစဉ်သို့ ဝင်ရောက်ကစားလာသော သူများအတွက် Instant Prizes ဆုများ ချဲ့ထွင် ပြုလုပ် ပေးအပ်ရန် အတွက်ATOMတွင် တာဝန်မရှိချေ။

 

၁၀။ Telco Prizeများအတွက် သုံးစွဲရန် အချိန်ကာလမှာ (၃)ရက်ဖြစ်ပြီး ၊ ရရှိထားသည့် ဆုလက်ဆောင်များအား အခြား ATOM သုံးစွဲသူများသို့ လွှဲပြောင်း ပေးအပ်ခြင်း မပြုရ။ ATOMမှ ပေးအပ်သော CashBack (ATOMဖုန်းဘေလ်) ဆုလက်ဆောင် အား ATOM၏ ထုတ်ကုန်များ (Voice, SMS နှင့် Data) တွင် သုံးသလောက်ပေးဖြင့် အသုံးပြုနိုင်သည်။ Free Onnet SMS နှင့် Free Call ဆုလက်ဆောင် သည်လည်း ATOM သုံးစွဲသူအချင်းချင်းသာ ဆက်သွယ်အသုံးပြုနိုင်သည့် ဆုလက်ဆောင် ဖြစ်ပါသည်။

 

၁၁။ ကံထူးရှင်မှ ၄င်းရရှိခဲ့သည့် နေ့စဥ်ပေးအပ်သော လက်ငင်းဆုလက်ဆောင်များအတွက် ဝန်ဆောင်မှုသုံးစွဲသူ များ၏ မိုဘိုင်းဖုန်းပေါ်ရှိ “ATOM” app (Golden Farm)၏ “Reward History”တွင် သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

 

၁၂။ သတ်မှတ်ထားသည့် သက်တမ်းကာလများအတွင်း အသုံးပြုခြင်းမရှိသော ကံစမ်းခွင့်လက်မှတ် နှင့် နေ့စဥ်ပေးအပ်သည့် ဆုလက်ဆောင်များအတွက် ATOM တွင် တာဝန်မရှိပေ။

 

၁၃။ နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အမှားများ၊ ပျက်စီး ဆုံးရှုံးမှုများ၊ အချိန်ကြံ့ကြာမှုများ၊ အင်တာနက် နက်ဝက် မရခြင်း နှင့် ATOMမှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေအနေများ အစရှိသည်တို့ ကြောင့် ဂိမ်း အစီအစဉ် တွင် ပါဝင် သည့်သူများ အပေါ် သက်ရောက်မှု/ဆုံးရှုံးမှု တစုံတရာ ရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား ATOMမှ တာဝန်ရှိသည်ဟု မှတ်ယူ ခြင်းမပြုရ။


၁၄။ ATOMမှ ပေးအပ်သော လက်ဆောင်ပစ္စည်းများ အား အခြားဆုလက်ဆောင်နှင့် လဲလှယ်ပေးခြင်း (non-exchangeable)၊ လွှဲပြောင်းပေးခြင်း (non-transferable) နှင့် ငွေကြေး အစားထိုးပေးအပ်ခြင်း (no cash alternative)တို့ ပြုလုပ်မည်မဟုတ်ပါ။ ဆုလက်ဆောင် ရရှိသူမှ မိမိလက်အတွင်း ဆုလက်ဆောင် ရရှိသည်နှင့် တပြိုင်နက် မိမိကိုယ်ပိုင် ဆုံးဖြတ် ချက်ဖြင့် သင့်တော်သလို အသုံးပြုနိုင်သည်။ ဆုလက်ဆောင်ပေါ်တွင် သက်မှတ်ထားသည့် နေ့ရက် မတိုင်မီ အသုံးပြုရန် (သို့) လက်ခံရရှိရန် ပါရှိပါက ဆုလက်ဆောင် ရရှိသူမှ အဆိုပါနေ့အား ထပ်မံသက်တမ်းတိုးခြင်း (သို့) အစားထိုး ခြင်းတို့ ပြုလုပ်ရန် တောင်းဆိုခြင်း မပြုနိုင်ပါ။ ATOMမှ ပေးအပ်သော ဆုလက်ဆောင်များအတွက် အာမခံပေးခြင်း (warranty) များ ပြုလုပ်မည် မဟုတ်။ အစီအစဉ်တွင် ပါဝင်ခွင့်ရှိသူ မှ ဤစည်းမျဉ်း စည်းကမ်း များအား နားလည်ပြီး လိုက်နာရန် သဘော တူညီ သည်ဟု မှတ်ယူခြင်း ပြုမည်ဖြစ်သည်။

 

၁၅။ ဤဂိမ်း အစီအစဉ်နှင့် စပ်လျဉ်းကာ အငြင်းပွားဖွယ် တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ATOMမြန်မာ၏ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်ပါသည်။

 

၁၆။ ATOMမှ လိုအပ်သည်ဟု ထင်မြင်သည့် အတိုင်း ဤစည်းမျဉ်း စည်းကမ်းနှင့်် ဂိမ်းအစီစဉ်များအား အချိန် မရွေး ပြောင်းလဲနိုင်ခွင့်၊ ပယ်ဖျက်နိုင်ခွင့်၊ ဆိုင်းငံ့နိုင်ခွင့်နှင့် ပြင်ဆင် နိုင်ခွင့် တို့ရှိသည်။

 

၁၇။ ဤစည်းမျဉ်း စည်းကမ်းများအား ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဥပဒေများမှ လွှမ်းမိုးမည်ဖြစ်ပြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရားရုံး၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိမည်ဖြစ်သည်။

 

၁၈။ ဤစည်းမျဉ်း စည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် ၂ဘာသာရှိရာ ၎င်းတို့၂ခုကြား ကွဲလွဲမှုရှိပါက အင်္ဂလိပ်ဘာသာမှာ အတည်ဖြစ်သည်။

ATOM Store App မသုံးရသေးဘူးလား? အခုပဲ download ပြုလုပ်လိုက်ပါ။

ATOM Store App ကို App store သို့မဟုတ် google play store မှ download ပြုလုပ် ရယူနိုင်ပြီး ဖော်ပြထားတဲ့ QR code မှလဲ ရယူနိုင်ပါတယ်။

myATOMapp

Scan QR code here:

qr code

Download ATOM Store App

Frequently Asked Questions:

ရွှေလယ်တောဆိုတာ ATOMအသုံးပြုသူများအတွက် ATOM အက်ပလီကေးရှင်းမှာပဲ ဆော့ကစားနိုင်တဲ့ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဂိမ်းထဲမှာ ဥကောက်ဆော့ကစားခြင်းဖြင့် လက်ငင်းအထူးဆုကြီးဖြစ်တဲ့ CashBack (ATOMဖုန်းဘေလ်) နဲ့
အခြားလက်ငင်းဆုလက်ဆောင်များဖြစ်တဲ့ (ATOMအချင်းချင်းဖုန်းခေါ်ဆိုမှု နဲ့ ATOMအချင်းချင်း စာတိုပို့ဆောင်ခြင်း) တို့ကိုရယူနိုင်မှာပါ။

သုံးစွဲသူရဲ့စတားအဆင့်အလိုက် အပတ်စဉ်အခမဲ့ "Life" တွေ ရရှိမှာပါ။ သုံးစွဲသူဟာ စတားအဖွဲ့ဝင်မဟုတ်ရင်တော့ အပတ်စဉ် "Life“ များကို ဝယ်ယူပြီး ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

စတားအဆင့် အပတ်စဉ်အခမဲ့ရရှိနိုင်သော Life များ
တိုက်တေနီယမ်အဆင့် ၁၀ Lives
ပလက်တီနမ်အဆင့် ၁၀ Lives
ရွှေအဆင့် ၅ Lives
ငွေအဆင့် ၅ Lives

သုံးစွဲသူများကတော့ "Life" တစ်ခုကို ၄၉ကျပ်တည်းနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ကျသင့်ငွေကိုဖုန်းငွေလက်ကျန်ထဲမှ နှုတ်ယူမှာဖြစ်ပါတယ်။
ဂိမ်းပင်မစာမျက်နှာတွင် "+ ဝယ်မည်" ကိုနှိပ်၍ဖြစ်စေ၊ Life များအားလုံးကိုအသုံးပြုပြီးနောက် "ဝယ်မည်" ကိုနှိပ်၍ဖြစ်စေ ဝယ်ယူနိုင်ပါတယ်။ Life ဝယ်ယူပြီးတာနဲ့ ဂိမ်းပြန်ကစားနိုင်မှာဖြစ်ပါတယ်။

မှတ်ချက် - ဝယ်ယူထားသော "Life" များကိုချက်ချင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ သို့ရာတွင် "Life" ရယူဖို့ တစ်ခါတရံ ၁၀-၁၅ မိနစ်ခန့်ကြာမြင့်တတ်ပါတယ်။

Life တစ်ခုကိုဂိမ်းတစ်ကြိမ်သာဆော့ကစားနိုင်မှာပါ။ ဂိမ်းဆော့ကစားဖို့ "ဆော့မည်" ကိုနှိပ်ပါ၊ ပြီးနောက် မိမိရဲ့ဖုန်းကိုဘယ်ညာစောင်းပေးပြီး ဥလေးတွေကိုလိုက်ကောက်ရမှာဖြစ်ပါတယ်။ ဥကောက်နေတဲ့လယ်သမားကြီးက ကောက်ရိုးပုံကိုထိမိတာနဲ့ ဒါမှမဟုတ် ဥလေးဖမ်းဖို့လွတ်သွားတာနဲ့ ဂိမ်းရှုံးနိမ့်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေက အမှတ်ရရှိဖို့ ကောက်ရိုးပုံကိုရှောင်ပြီး ဥများကိုသာလိုက်ကောက်ရမှာဖြစ်ပါတယ်။

သုံးစွဲသူဟာ သတ်မှတ်ထားတဲ့အမှတ်ရတာနဲ့ လက်ငင်းဆုလက်ဆောင်များဖြစ်တဲ့ (ဒေတာ၊ အက်တမ်အချင်းချင်းဖုန်းခေါ်ဆိုမှု၊ အက်တမ်အချင်းချင်း စာတိုပို့ဆောင်ခြင်း) များကိုရရှိမှာပါ။ 

လက်ငင်းဆုလက်ဆောင်များ - ဒေတာ၊ အက်တမ်အချင်းချင်းဖုန်းခေါ်ဆိုမှု၊ အက်တမ်အချင်းချင်း စာတိုပို့ဆောင်ခြင်း (ဆုလက်ဆောင်များကို ၃ ရက်သာအသုံးပြုနိုင်မှာဖြစ်ပါတယ်)

တစ်မျိုးသာရှိပါတယ်။ 

သက်ဆိုင်ရာဆုလက်ဆောင်များကို ထပ်မံရရှိပါက သက်တမ်းတိုးမှာဖြစ်ပါတယ်။

ဂိမ်းပင်မစာမျက်နှာမှ "ဆုလက်ဆောင်များ" ကိုဝင်ရောက်ပြီးနောက် "ဆုလက်ဆောင်မှတ်တမ်း" ကိုရွေးချယ်ပြီး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

၃၁ မတ်လ ၂၀၂၄ အထိ ဂိမ်းဆော့ကစားနိုင်မှာပါ။

Top up Lucky Draw 58 Prizes များကို အောက်ပါအတိုင်း ပေးသွားမည် ဖြစ်ပါသည်။

Play Time Winner Announcement Budget allocation per prize (only Top up bill) Prize Quantity
1st Mar – 15th Mar 20th Mar 20,000 bill 30 Units
1th Mar – 31st Mar 3rd Apr 20,000 bill 25 Units
Grand Prize 1st Prize – 500,000 bill 1 Unit
2nd Prize – 300,000 bill 1 Unit
3rd Prize – 100,000 bill 1 Unit

ATOM Store App တစ်နေရာတည်းမှာသာ ဆော့ကစားနိုင်မှာပါ။

  • Google Play Store နှင့် iTunes Store – https://bit.ly/ATOMStoreApp
  • 500 သို့ “APP” ဟုပေးပို့ပြီး ဒေါင်းလုပ်လင့်ကို အခမဲ့ရယူရန် 
  • *979*5*5# သို့ခေါ်ဆိုပြီး  ဒေါင်းလုပ်လင့်ကို အခမဲ့ရယူရန်
  • QR ဖတ်၍ရယူရန် 
    QR
174

Back to top