We'd like to send you notifications of the latest posts and updates

ပွိုင့်တွေတိုးပွား အခွင့်အရေးများ လူတိုင်း ATOM STAR

သင်ဟာ အက်တမ်ဆင်းကတ်ကို စတင်အသုံးပြုလိုက်တာနဲ့ အက်တမ်စတားတစ်ယောက်ဖြစ်နိုင်မည့်အပြင် အက်တမ်ရဲ့တုံ့ပြန်ကျေးဇူးများကိုပါ ခံစားရမှာပဲဖြစ်ပါသည်။ အက်တမ်ဆင်းကတ်သုံးစွဲမှု အချိန်အပိုင်းအခြားနှင့် ဖုန်းဘေလ်ဖြည့်သွင်းမှုအလိုက် Welcome၊ Bronze၊ Silver၊ Gold၊ Platinum၊ Titanium အစရှိသော အက်တမ်စတားအဆင့်များကို ရရှိနိုင်မှာဖြစ်ပါသည်။

အက်တမ်၀န်ဆောင်မှုများမှ ကြိုက်နှစ်သက်ရာ package များကို ကြိုက်နှစ်သက်ရာ channel များမှ ၀ယ်ယူလိုက်ရုံနှင့် စတား အဆင့်အလိုက် ပွိုင့်များကို ရရှိနိုင်မှာဖြစ်ပြီး ပိုင်ဆိုင်ထားသော ပွိုင့်များနှင့် အထူးလျှော့စျေး အကျိုးခံစားခွင့်များကို ရယူနိုင်မယ့်အပြင် ဒေတာ၊ ဖုန်းခေါ်ဆိုမှု၊ စာတိုနှင့် ပြန်အမ်းငွေ များအတွက် လဲလှယ်အသုံးပြုနိုင်မှာဖြစ်ပါသည်။ ပွိုင့်တွေတိုးပွား အခွင့်အရေးများ လူတိုင်း အက်တမ်စတား။

အမိုက်စားနာမည်ကြီးဆိုင်တွေရဲ့ လျှော့စျေးတွေကို အက်တမ်စတားပွိုင့် (၁)ပွိုင့်တည်းနဲ့ အမိအရယူလိုက်ဖို့ ရယ်ဒီပဲလား?

အက်တမ်စတား နေ့စဥ် အထူးလျှော့စျေး

 

နေ့ရက်တိုင်း သင့်အကြိုက်ဆိုင်တွေမှာ မတူညီတဲ့ အထူးခံစားခွင့်တွေကို စတားပွိုင့်တွေသုံးပြီး လက်မလွှတ်တမ်းရယူဖို့ နေ့တိုင်း အက်တမ်စတိုးအက်ပ်ထဲ သွားကြည့်ကြမယ်နော်။

 

အသေးစိတ်အချက်အလက်များသိရှိရန် ဒီကို နှိပ်ပါ။

ဖုန်းဘေလ်ဖြည့်ပြီး စတားလယ်ဗယ်မြင့်ကြစို့။ စတားအဆင့်မြင့်လေ ခံစားခွင့်တွေများလေ

ဒေတာပက်ကေချ့်တွေဝယ်ယူလို့ စတားပွိုင့်တွေကို စုဖို့ ရယ်ဒီပဲလား။ စတားပွိုင့်တွေကို စုဆောင်းတဲ့အခါ ကိုယ့်ရဲ့ STAR Level အလိုက် ပွိုင့်ရရှိမှာဖြစ်ပြီး အကျိုးခံစားခွင့်တွေကလည်း ပိုများလာမှာ ဖြစ်ပါတယ်။ STAR Level မြင့်လေလေ ပွိုင့်ရရှိနိုင်မှု များလေပေါ့။ ဆုလက်ဆောင်တွေ များများရဖို့ STAR Level တွေကို မြှင့်တင်လိုက်ကြပါစို့။

ပွိုင့်များများစုနည်း

စတားပွိုင့်တွေနဲ့ အထူးခံစားခွင့်တွေကို လဲလှယ်ရယူနိုင်ပါပြီ။ ပွိုင့်များများ စုနိုင်လေလေ ဒေတာ၊ Onnet Voice, SMS ၊ Cashback လက်ဆောင် နှင့် အထူးဝန် ဆောင်မှု ခံစားခွင့်တွေ ရလေလေပေါ့။ ဒီတော့ အခုပဲ စတားပွိုင့်တွေကို များများစုနိုင်ဖို့ ပက်ကေ့ချ်တွေကို များများဝယ်ယူလိုက်တော့နော်။

ပက်ကေ့ချ်များဝယ်ယူရန် *979*2# ကိုခေါ်ဆိုပြီး (သို့) ATOM Store App (သို့) ATOM Website ကို နှိပ်ပါ။

*ဖော်ပြထားသော ဇယားမှာ နမူနာယူရန်အတွက်သာဖြစ်ပါသည်။

ပွိုင့်တွေစုပြီး စတားအခွင့်အရေးတွေ ရယူပါ။

 

စတားအခွင့်အရေးတွေ အခုပဲရယူလိုက်ပါ။

အက်တမ်စတားအဖွဲ့ဝင်များအနေဖြင့် ပွိုင့်များများ ပိုစုလေ ပိုကြီးမားသော အကျိူးခံစားခွင့်များကို လဲလှယ်နိုင်ပါမည်။

Redeem 100MB ဟု 2121ကို စာတိုပို့ပါ။
Redeem 900MB ဟု 2121ကို စာတိုပို့ပါ။
Redeem 10MIN ဟု 2121ကို စာတိုပို့ပါ။
Redeem 25MIN ဟု2121ကို စာတိုပို့ပါ။
Redeem 50SMS ဟု 2121ကို စာတိုပို့ပါ။
Redeem 2500KS ဟု 2121ကို စာတိုပို့ပါ။

 

စတားအခွင့်အရေးများကို ATOM Store App (သို့) *2121*3# ကိုခေါ်ဆိုပါ။

 

စတားအခွင့်အရေးများကို ATOM Store App (သို့) *2121*4# ကိုခေါ်ဆိုပါ။

 

အက်တမ်စတားအစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများ

၁။ အက်တမ်စတားအစီအစဉ် သည် အက်တမ် မြန်မာလီမိတက် (“အက်တမ်မြန်မာ”) ၏ ဝန်ဆောင်မှု သုံးစွဲသူ များအတွက် ပွိုင့်များဖြင့် လဲလှယ်နိုင်သော အထူးအခွင့်အရေးများဖြင့် ကျေးဇူးတုံ့ပြန်ရန်စီစဉ်ထားသော အစီ အစဥ် တစ်ခုဖြစ်ပါသည် (“အစီအစဥ်”)။ ၄င်းအစီအစဥ် ကာလမှာ ဇူလိုင်လ ၂၀၂၃ မှ စတင်ပြီးး သက်တမ်းကုန်ဆုံးရက် မကြော်ငြာသရွေ့ ဖြစ်သည်။

၂။ ဤ အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် လူကြီးမင်းမှ အက်တမ် မြန်မာ၏ အက်တမ်စတားနှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများ ၊ ပြင်ဆင်ချက်များ၊ ဆုံးဖြတ်ချက်များအား(“စည်းမျဉ်း စည်းကမ်းများ”) လိုက်နာရန် သဘောတူညီသည်ဟု မှတ်ယူမည် ဖြစ်သည်။ စည်းမျဉ်း စည်းကမ်းများအား ပြင်ဆင်မှု တစုံတရာ ရှိပါက အက်တမ်မြန်မာ website နှင့် Atom Store application မှတဆင့် ကြော်ငြာ မည် ဖြစ်ပြီး ကြော်ငြာသည်နှင့် တပြိုက်နက် အကျိုးသက်ရောက်မည်ဖြစ်သည်။ အက်တမ် မြန်မာမှ လက်ဆောင်ပစ္စည်းများ အစားထိုးခြင်း၊ အစီအစဥ်ကျင်းပသည့်အချိန်ကာလ၊ စတားပွိုင့်ခံစားခွင့် အပါအဝင် စည်းမျဉ်း စည်းကမ်းများအား ပြောင်းလဲ ခွင့် ရှိသည် ဖြစ်ပြီး ပြောင်းလဲချက်အား ကြော်ငြာသည်နှင့် တပြိုက်နက် အကျိုး သက်ရောက် မည် ဖြစ်သည်။ အစီအစဉ်တွင် ပါဝင်သူများ အနေဖြင့် ဤ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာ လုပ်ဆောင်ရန် သဘော တူညီသည်ဟု မှတ်ယူခြင်း ခံရမည်ဖြစ်သည်။

၃။ အက်တမ်စတား အစီအစဉ်သည် အက်တမ် မြန်မာ ဖုန်းများ၏ ကြိုတင်ငွေဖြည့်သွင်းသည့် ဝန်ဆောင်မှု (prepaid) B2C နှင့် B2B သုံးစွဲသူအားလုံး အတွက် ဖြစ်ပြီး (“အစီအစဥ်တွင် ပါဝင်နိုင်သူများ”) Postpaid ဝန်ဆောင်မှု၊ ကြိုးမဲ့ အင်တာနက် ဝန်ဆောင်မှု အပြင် အက်တမ် မြန်မာ နှင့် လက်တွဲလုပ်ဆောင်နေသော မိတ်ဖက် ကုမ္ပဏီများ (Business Partner) နှင့် ၎င်းတို့၏ ဝန်ထမ်းများမှ ဤ အစီအစဉ်တွင် ပါဝင်ခြင်းကို တားမြစ်ထားသည်။

 

Not on ATOM Store App yet? Download now!

The brand-new ATOM Store App can be downloaded easily from both App Store or Google Play Store or just by scanning the following QR code.

myATOMapp

Scan QR code here:

qr code

Download ATOM Store App

Frequently Asked Questions:

အက်တမ် ဆင်းကဒ်ကို အချိန်အတိုင်းအတာတစ်ခုထိ အမြဲသုံးစွဲနေသူများအနေဖြင့် Welcome, Bronze, Silver, Gold, Platinum နှင့် Titanium စသည့် အဆင့် ၆ ခုမှ တစ်ခုခုတွင် အလိုလျောက်ပါ၀င်နေမည်ဖြစ်ပါသည်။ လွန်ခဲ့သော ရက် ၉၀ အတွင်း ပျမ်းမျှငွေဖြည့်သည့်ပမာဏ အပေါ်အခြေခံပြီး အဆင့်ရရှိမည်ဖြစ်ပါသည်။

အက်တမ် သုံးစွဲသူများသည် ပတ်ကေချ့်များကို ကြိုက်နှစ်သက်ရာမှ ဝယ်ယူခြင်းဖြင့် ပွိုင့်များရရှိပါမည်။ ပွိုင့်များဖြင့် အက်တမ် အကျိုးခံစားခွင့် - ဒေတာ၊ အက်တမ်အချင်းချင်းဖုန်းခေါ်ဆိုမှု၊ အက်တမ်အချင်းချင်း စာတို နှင့် ပြန်အမ်းငွေ‌ (ဒေတာ၊ အက်တမ်ဖုန်းခေါ်ဆိုမှု၊ အက်တမ်စာတို ကို သုံးသလောက်ပေးနှုန်းထား) သို့မဟုတ် မိတ်ဖက်ပါတနာများမှ အထူးလျှော့စျေးများကို လဲလှယ်နိုင်ပါသည်။

အခုလက်တလော မရရှိနိုင်သေးပါ။

ATOM Store App -> ပင်မစာမျက်နှာ -> 'ပွိုင့်များ' ဖော်ပြထားသောနေရာ (သို့) စတားစာမျက်နှာ ကိုနှိပ်ပါ။

ATOM အသုံးပြုသူအားလုံးသည် ATOM STAR အစီအစဉ်တွင် ပါဝင်ပြီးသားဖြစ်ပါသည်။ ၀န်ဆောင်မှုရပ်တန့်ရန်မလိုအပ်ပါ။

အသုံးပြုနိုင်ပါသည်။

သင်သည် အက်တမ် ကို အချိန်အတိုင်းအတာတစ်ခုအနေဖြင့် အမြဲသုံးစွဲသူဖြစ်ရပါမည်။ အဆင့် ၆ ခု (Welcome, Bronze, Silver, Gold, Platinum, and Titanium) ရှိမည်ဖြစ်ပြီး လွန်ခဲ့သော ရက် ၉၀ အတွင်း ပျမ်းမျှငွေဖြည့်ပမာဏ နှင့် ဆင်းကတ်သက်တမ်း အပေါ်အခြေခံပြီး ရရှိမည်ဖြစ်ပါသည်။;

ATOM Rewards တွင် အက်တမ်မှ ဒေတာ၊ အက်တမ်အချင်းချင်းဖုန်းခေါ်ဆိုမှု၊ အက်တမ်အချင်းချင်း စာတို နှင့် ပြန်အမ်းငွေ ပါ၀င်ပြီး Special Rewards တွင် အထူးသီးသန့်ကူပွန်များနှင့် မိတ်ဖက်ပါတနာများကပေးသော ပရိုမိုးရှင်းများ ပါဝင်သည်။

နောက်တစ်ဆင့်သို့ရောက်ရှိမည့် ပမာဏအလိုက် သင်ဖုန်းငွေဖြည့်ပြီးသည်နှင့် အဆင့်မြှင့်ထားသောအဆင့်သို့ ချက်ချင်းရောက်ရှိပါမည်။ အဆင့်သတ်မှတ်ချက်သည် အက်တမ် ဆင်းကဒ်သက်တမ်း နှင့် လွန်ခဲ့သောရက် ၉၀ ၏ ပျမ်းမျှငွေဖြည့်မှုပမာဏအပေါ် အခြေခံထားပါသည်။

လွန်ခဲ့သော ရက် ၉၀ ၏ ပျမ်းမျှငွေဖြည့်ပမာဏအပေါ်အခြေခံ၍ အဆင့်ကို ချိန်ညှိမှုပြုလုပ်ပါမည်။ အက်တမ်စတား ပွိုင့်သတ်မှတ်ချက်ပေါ် အခြေခံ၍ မပြည့်မှီပါက စတားအဆင့်နိမ့်ကျသွားနိုင်ပါသည်။

လွန်ခဲ့သော ရက် ၉၀ ပျမ်းမျှငွေဖြည့်ပမာဏအပြင် အက်တမ် ဆင်းကဒ် သက်တမ်း အပေါ် အခြေခံ၍ သတ်မှတ်ပြောင်းလဲပါသည်။

ကြိုက်နှစ်သက်ရာမှ ပက်ကေ့ချ်များကို ဝယ်ယူပါ။ ဝယ်ယူသော ပက်ကေ့ချ်တန်ဖိုး နှင့် စတားအဆင့် ပေါ်မူတည်၍ မတူညီသော ပွိုင့်များကို ရရှိပါမည်။ ပက်ကေ့ချ်ဝယ်ယူရန် *979*2# ကိုခေါ်ဆိုပါ (သို့မဟုတ်) ATOM Store App -> ပက်ကေ့ချ်များ သို့သွားပါ။

*ပွိုင့်များကို ပင်မလက်ကျန်ငွေစာရင်း - Main Balance (သို့) ကြိုသုံးငွေ မှ ပက်ကေ့ချ်ဝယ်ယူမှုများတွင်သာ ရရှိပါမည်။ ပြန်အမ်းငွေ cashback နှင့် အခြား အပိုဆု wallet balance များမှ ဝယ်ယူသော ပက်ကေ့ချ်များအတွက် ပွိုင့်မပေးပါ။

နှစ်စဉ်နှစ်တိုင်း အပိုဘောနပ်စ်ပွိုင့်များကို သင့်ဆင်းကဒ် စတင်သုံးစွဲသည့်ရက်တွင် အက်တမ်စတား အဆင့်အလိုက် ထည့်ပေးသွားပါမည်။

*2121*2# သို့ ဖုန်းခေါ်ဆိုခြင်း  (သို့)

2121 ကို "POINTS" ဟု စာတိုပေးပို့ပါ (သို့)

ATOM Store App -> ပင်မစာမျက်နှာ -> စတားစာမျက်နှာတွင်သွားပြီးကြည့်နိုင်ပါသည်။

စတားပွိုင့်များဖြင့် ATOM Rewards အပြင် Special Rewards (မိတ်ဖက်ပါတနာလျှော့စျေး) များကို လဲလှယ်နိုင်ပါသည်။

ဒေတာ (MB)၊ အက်တမ်အချင်းချင်း ဖုန်းခေါ်ဆိုမှု  (Mins)၊ အက်တမ်အချင်းချင်း စာတို (SMS) နှင့် သုံးသလောက်ပေးနှုန်းထားဖြင့် ဒေတာ၊ အက်တမ်ဖုန်းခေါ်ဆိုမှု၊ အက်တမ်စာတိုအသုံးပြုနိုင်သော ပြန်အမ်းငွေ (Ks) ကို ပွိုင့်များကို အသုံးပြု၍ လဲလှယ်နိုင်ပါသည်။

*2121#သို့ ဖုန်းခေါ်ဆိုခြင်း (သို့)

ATOM Store App -> ပင်မစာမျက်နှာ -> စတားစာမျက်နှာ မှတစ်ဆင့် ဝင်ပြီး ကြိုက်နှစ်သက်ရာကို လဲလှယ်နိုင်ပါသည်။

276

Back to top