We'd like to send you notifications of the latest posts and updates

အက်တမ် (ATOM) ၏ ယဉ်ကျေးမှုမှာ လူမှုအသိုင်းအ၀ိုင်းကို စံတန်ဖိုးထားမှုများ၊ ရည်ရွယ်ချက်များ နှင့် အပြုအမူများသည် ကျွန်ုပ်တို့ စီးပွားရေးလုပ်ငန်းကို ထောက်ပံ့ပေးထားသည့် အခြေခံအုတ်မြစ်များဖြစ်ပါသည်။

ကျန်ုပ်တို့၏ ယဥ်ကျေးမှု

လူမှုအသိုင်းအဝိုင်းကို ဦးစားပေးခြင်း

၀န်ဆောင်မှုသုံးစွဲသူများအတွက် ပိုမိုကောင်းမွန်ပြီး အဆင်ပြေချောမွေ့စေမည့် ရွေးချယ်စရာတစ်ခုအဖြစ် လုပ်ဆောင်လျက်ရှိပြီး ဝန်ထမ်းများ၊ လုပ်ငန်းကဏ္ဍ နှင့် လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်မှုများအတွက် အမြဲပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

တိုးတက်ပြောင်းလဲလျက်ရှိသည့် ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲမှု

ကျွန်ုပ်တို့သည် အရည်အသွေးမြင့် ဒစ်ဂျစ်တယ်ထုတ်ကုန်များကို စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းများကို လိုက်နာခြင်းဖြင့် စားသုံးသူအကာအကွယ်ပေးရေး၊ ဒေတာလုံခြုံရေး၊ ဒေတာခံနိုင်ရည်ရှိမှု၊ ကိုယ်ရေးကိုယ်တာ၊ ချိတ်ဆက်မှုနှင့် အသုံးပြုခွင့်တို့ကို ပေးဆောင်ပါသည်။

တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောအမှတ်တံဆိပ်

လူ့အခွင့်အရေးစံနှုန်းများကို လက်ကိုင်ပြုသော၊ မြန်မာနိုင်ငံဥပဒေများနှင့် စည်းမျဉ်းများကို လေးစားလိုက်နာသော၊ အပြုသဘောဆောင်သော လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ပံ့ပိုးပေးကာ ဂရုစိုက်မှု၊ လေးစားမှုနှင့် အားလုံးပါဝင်သော ယဉ်ကျေးမှုစနစ်ကို ပြုစုပျိုးထောင်ပေးပြီး အုပ်ချုပ်ရေးလုပ်ငန်းစဥ်တွင် ပွင့်လင်းမြင်သာပြီး အဂတိတရား ကင်းရှင်းသည့် လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်ရန် ကျွန်ုပ်တို့ အခိုင်အမာ ကတိပြုပါသည်။

ကျန်ုပ်တို့၏ တန်ဖိုးထားမှုများ

Purpose
 
ရည်ရွယ်ချက်

စျေးနှုန်းသင့်တင့်ပြီး မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှု ထုတ်ကုန်များကို လူတိုင်းလက်လှမ်းမီစေရန် နှင့် စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်သော ဒစ်ဂျစ်တယ်ခေတ်တွင် အားလုံးပါဝင်ချိတ်ဆက်နိုင်ရန်။

 
Purpose
 
ရည်မှန်းချက်

၀န်ဆောင်မှုကို သုံးစွဲသောလူတိုင်း၏ ဘဝတွင် အခွင့်အလမ်းများ ပိုမို လက်လှမ်းမှီနိုင်စေရန်နှင့် ဒစ်ဂျစ်တယ် ခေတ်တွင် စျေးနှုန်းချိုသာပြီး ယုံကြည်စိတ်ချရသောကွန်ရက်များ ချိတ်ဆက်မှုကို ပံ့ပိုးပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအခန်း ကဏ္ဍကို တိုးတက်စေရန်။

 
Purpose
 
မျှော်မှန်းချက်

မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်ခြင်းထက်သာလွန်သော ဘ၀အတွေ့အကြုံများရရှိခံစားနိုင်စေရန်နှင့်အတူ ပိုမိုကောင်းမွန်သော ကွန်ရက်ချိတ်ဆက်မှုများ ပံ့ပိုးလုပ်ဆောင်ပေးသွားရန်။

 

 

ကျွန်ုပ်တို့ အပြုအမူများ

လေးစားမှုရှိခြင်း

ဂရုစိုက်ခြင်း၊ နားထောင်ပေးခြင်း၊ မျှတမှုရှိခြင်း၊

Read More

ပွင့်လင်းမြင်သာရှိခြင်း

ပွင့်လင်းခြင်း၊ ရိုးသားခြင်း၊ စစ်မှန်ခြင်း

Read More

အမြဲ ရိုးရှင်းမှုနှင့် ခေတ်မှီသားနားစွာ ထားခြင်း

ရိုးရှင်းခြင်း၊ခေတ်မီသားနားမှုရှိခြင်း၊စိတ်နှစ်လုပ်ဆောင်တတ်ခြင်း

Read More

ဆန်းသစ်တီထွင်ရန် စူးစမ်းတတ်ခြင်း

သင်ယူခြင်း၊ ရဲရင့်ခြင်း၊ စူးစမ်းတတ်ခြင်း

Read More

ကတိတည်ခြင်း

ယုံကြည်ခြင်း၊ သမာဓိရှိခြင်း၊ တာဝန်ယူခြင်း

Read More

Back to top