We'd like to send you notifications of the latest posts and updates

Press Release

အက်တမ်စတားအစီအစဉ်မှ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို ကူညီမြှင့်တင်ပေးရန် နှင့် သုံးစွဲသူများ ပိုမို အဆင်ပြေစေရန် မိတ်ဖက်ဆိုင်အသစ်များအားမိတ်ဆက်

20 Jan,2025 - Yangon | 2 mins read

  • အက်တမ်စတားမှ နှစ်သစ်ကူးကာလလက်ဆောင်အဖြစ် မိတ်ဖက်ဆိုင်အသစ်များတွင် ၃၀% အထိလျှော့စျေးများ ရရှိနိုင်သည့် အစီအစဉ်မိတ်ဆက်
  • အက်တမ်သုံးစွဲသူများအတွက် ATOM Store App တွင် ဝန်ဆောင်မှုရယူနိုင်သော မိတ်ဖက်ဆိုင်အသစ် ၄၀ ကျော်ပါဝင်လာပြီး၊ မိတ်ဖက်ဆိုင်စုစုပေါင်း (၁၇၀) အထိရှိလာ
  • အက်တမ်စတားသုံးစွဲသူများအနေဖြင့် အက်တမ်စတားပွိုင့် (၁၀)ပွိုင့်နှင့် လျှော့စျေးများ ရယူခံစားနိုင်

ရန်ကုန်၊ မြန်မာ။ ၂၀ ရက်နေ့၊ ဇန်နဝါရီလ ၂၀၂၅ ခုနှစ် -   အက်တမ် (ATOM) မှ ၂၀၂၅ ခုနှစ် နှစ်သစ်တွင် အက်တမ်စတားအစီအစဉ်၏ အထူးလျှော့ဈေး အကျိုးခံစားခွင့်များကို ထပ်မံပေးအပ်လိုက်ပြီဖြစ်ပါသည်။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကိုမြှင့်တင်ကာ သုံးစွဲသူများအတွက် အတွေ့အကြုံကောင်းများ ယူဆောင်ပြီး အက်တမ်ဝန်ဆောင်မှုများကို အစဉ်မပြတ်အသုံးပြုနိုင်စေရေး အစဉ်ပံ့ပိုးကူညီအားပေးနေသော အက်တမ် (ATOM) အနေဖြင့် အက်တမ်စတား နှစ်သစ်အစီအစဉ်တွင် မိတ်ဖက်ဆိုင်အသစ် (၄၀) ကျော်ကို ဖိတ်ခေါ်ြပီး အက်တမ်စတားပွိုင့်(၁၀) ပွိုင့်တည်းဖြင့် မိတ်ဖက်ဆိုင်များအားလုံး၌ (၃၀) ရာခိုင်နှုန်းအထိ လျှော့ဈေးများအား ရရှိနိုင်ပြီဖြစ်ပါသည်။ အဆိုပါ လျှော့စျေးအစီအစဉ်အား ယခုအချိန်မှစပြီး ဇန်နဝါရီလကုန်အထိ ခံစားရရှိနိုင်ခြင်းကြောင့် အက်တမ်သုံးစွဲသူများသည် မိမိတို့စိတ်ကြိုက် အစားအသောက်၊ လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ ကျန်းမားရေး စသည်တို့တွင် အကျိုးခံစားခွင့်များ ရယူနိုင်မည် ဖြစ်ပါသည်။ 

PR_CNY_756x225_MM

အက်တမ်သုံးစွဲသူများအနေဖြင့် ATOM Store App တွင်ရှိနေသော မိတ်ဖက်ဆိုင်ပေါင်း (၁၇၀) တို့တွင် အကျိုးခံစားခွင့်များ ရယူခံစားနိုင်ပြီး၊ အထူးသဖြင့် ယခုနှစ်သစ်ပရိုမိုးရှင်းမှတစ်ဆင့် Noodle Bowl၊ Oni by Kitchen Project နှင့် Hok Hok Thai Mookata တို့တွင် အရသာရှိသော စားသောက်ဖွယ်ရာများ မှာယူစားသုံးခြင်း၊ ELIZA တွင် အလှအပရေးရာပြုလုပ်ခြင်းနှင့် MGOU တွင် ဒီဇိုင်းဆန်းအသုံးအဆောင်များ ဝယ်ယူခြင်းတို့ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ချင်းတွင်းနည်းပညာကောလိပ် (CTU)ရှိ သတ်မှတ်ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပြီး EMPOWER (MDY)တွင် Fitness အထူးပရိုမိုးရှင်းများ နှင့် နည်းပညာပိုင်းစိတ်ပါဝင်စားသူများအတွက် XtraSure တွင် အထူးလျော့စျေးများ ခံစားရရှိနိုင်မည်ဖြစ်ပါသည်။ 

"ကျွန်တော်တို့ အက်တမ်စတားအစီအစဉ်မှာ မိတ်ဖက်ဆိုင်အသစ် (၄၀) ထပ်မံပါဝင်လာပြီး အခုဆိုရင် ATOM Store App မှာ ဆိုင်ပေါင်း (၁၇၀) အထိရှိလာတဲ့အတွက် အထူးဝမ်းသာမိသလို အက်တမ် နဲ့ အက်တမ်သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီစွာ ဝန်ဆောင်မှုပေးနိုင်တဲ့ မိတ်ဖက်ဆိုင်တွေနဲ့ ဆက်လက် လက်တွဲသွားဖို့အတွက်လည်း တွန်းအားတစ်ခုဖြစ်စေပါတယ်။ ဒီအစီအစဉ်ကို ကြည့်ခြင်းအားဖြင့် အက်တမ်ရဲ့ သုံးစွဲသူတွေအပေါ် ကျေးဇူးတုံ့ပြန်လိုတဲ့ ဆန္ဒသာမက ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကိုလည်း တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးလိုတာကို မြင်တွေ့နိုင်မှာဖြစ်ပြီး အဓိပ္ပာယ်ရှိတဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေ နဲ့ နေ့စဉ်ဘဝမှာ ပိုမိုကောင်းမွန်ပြည့်စုံစေတဲ့ အတွေ့အကြုံတွေကို ဖော်ဆောင်ပေးနိုင်ခွင့်ရတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။” ဟု ATOM Myanmar ၏ Chief Executive Officer “Ahmad Abdallah” မှ ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်မိတ်ဆက်ခဲ့ပြီး ပွိုင့်များဖြင့် ဝန်ဆောင်မှုရယူနိုင်သော အက်တမ်စတားအစီအစဉ်သည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် အက်တမ် (ATOM) တို့ကြား လက်တွဲပူးပေါင်းခြင်းကို ပိုမိုကောင်းမွန်လာစေရုံသာမ သုံးစွဲသူများကို လည်း အကျိူးခံစားခွင့်များပေးစွမ်းလျက်ရှိပါသည်။ အက်တမ်သုံးစွဲသူများအနေဖြင့် ကြိုက်နှစ်သက်ရာ package များအား အက်တမ်ဝန်ဆောင်မှုပေးနေသော channel များမှတစ်ဆင့် ဝယ်ယူလိုက်ရုံဖြင့် စတားပွိုင့်များရရှိပြီး အက်တမ်စတားတစ်ဦးအဖြစ် Welcome Bronze Silver Gold Platinum Titanium အစရှိသော အက်တမ်စတားအဆင့်များကို တိုးမြှင့်ကာ ပိုင်ဆိုင်ထားသောပွိုင့်များနှင့် အက်တမ်၏အထူးအကျိူးခံစားခွင့်များကို အပြည့်အ၀ ရယူနိုင်မည်ဖြစ်ပါသည်။  အက်တမ် (ATOM) အနေဖြင့် မိတ်ဟောင်းမိတ်သစ် customer များကို ကောင်းမွန်သော အကျိူးခံစားခွင့်များ စဉ်ဆက်မပြတ်ပေးစွမ်းနိုင်ဖို့အတွက် အစဉ်ကြိုးစားလုပ်ကိုင်နေပြီး  သုံးစွဲသူအတွေ့အကြုံများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် သုံးစွဲသူနှင့် မိတ်ဖက်လုပ်ငန်းရှင်များအကြား ပိုမိုသန်မာသော ချိတ်ဆက်ဆောင်ရွက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

- ပြီး -

အက်တမ် (ATOM) အကြောင်း 

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အက်တမ်သည် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံး လုပ်ငန်းခွင် (Great Place to Work) အသိအမှတ်ပြု လက်မှတ်ရရှိထားပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။  

သတင်းမီဒီယာများအနေဖြင့် ထပ်မံသိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် communications@aml.mobi

Back to top